27 September 2009

ကျွန်တော့်အမှတ်တရများ (ခေတ္တ စင်္ကာပူ)

ရက်ကိုလစားတဲ့ လကိုနှစ်စားတဲ့ တစ်ယောက်ကတော့ပြောသွားပြီ။ သေချာတဲ့ အကြောင်းတရားကတော့ ကျွန်တော်တို့ တစ်တွေ တစ်မြေဆီခြားနေရတာပါဘဲ။ ခဏတာ ခင်မင်ရပေမယ့် တစ်ဘ၀စာ လေးစားရတဲ့ ကျွန်တော့်အစ်ကိုကြီး ကိုဇက်နဲ့ ကိုပြည်သစ်တည်ကို ဘယ်နေရာရာရောက်ရောက် အမှတ်ရနေတော့မှာပါ။ လေးလည်းလေးစားပါတယ် ငါးပေါက်မို့ ပါ။ ပြောရင်းနဲ့ ဖဲရိုက်ချင်လာပါတယ်.. ဟီး ကိုဇက်တို့ ကိုပြည်သစ်တို့ က အစ်ကိုဆိုလည်းဟုတ် သူငယ်ချင်းဆိုလည်းဟုတ်တဲ့ ကျွန်တော့်ဘ၀ရဲ့  ရဲဘော်ရဲဘက်တွေပါဘဲ။ ကိုဇက်ကို စတွေ့ ချင်းတုန်းက အရမ်းအေးတဲ့ အစ်ကိုကြီးတစ်ယောက် ဘာသာတရားကိုင်းရှိုင်းလွန်းတဲ့သူအနေနဲ့ မြင်ခဲ့ပေမယ့် တကယ်ပေါင်းကြည့်တော့ ကိုဇက်က အရမ်း မထင်ရင်မထင်သလို ပြောင်တတ်တဲ့ အစ်ကိုတစ်ယောက်သာမက ကျွန်တော်ဘိုင်ပြတ်ရင် ပိုက်ဆံချေးရတဲ့ အစ်ကိုပါဖြစ်လာတယ်.. ဟဲ သိတဲ့ အတိုင်း work permit သမားပီပီ ရသမျှအကုန်ပြောင်တာကလည်း မဆင်ခြင်နိုင်တဲ့ ကျွန်တော်ပေါ့။ တင်စန္ဒာအုန်းလို့ ပြောင်တတ်တဲ့ ကိုဇက်ကိုလည်းအခုထိ အစ်ကိုသဖွယ် အားကိုးခင်တွယ်နေတုန်းပါ။ နေရာမတူ ရေမြေခြားကိုရောက်သွားတဲ့ ကိုပြည်သစ်တည် (ကိုမျိုး) ကလည်းရောက်စက အနေအေးပေမယ့် တကယ်တန်းပေါင်းတော့ သူလည်း ခွက်ပုန်းဘဲ။ ဟဟ ကိုပြည်ရေ အမှန်ပြောရင် စိတ်မဆိုးကြေးနော်။ နှစ်ယောက်လုံးက ကျွန်တော် ဒီစင်္ကာပူကိုရောက်မှ ခင်မင်သလို မေ့မရတဲ့အမှတ်တရတွေနဲ့ ပြည့်နှက်နေခဲ့တဲ့သူတွေပေါ့။ စက်ဘီးအတူစီး Bedok Reservior ကန်ဘေးမှာ ဘောလုံးအတူကန်ခဲ့တာတွေကို အခုပြန်လိုချင်မိပါတယ်။ အဲလို ကိုဇက်က အအေးမတိုက်ချင်တာနဲ့ ဘောလုံးဂိုးဝင်တာကို အတင်းငြင်းတာကိုလည်း အမှတ်ရမိပါတယ်။ ကန်ဘေးမှာ ပြေးကျရင်း ဆန်ပြုတ်ကို အတူတူသောက်ခဲ့တာတွေကိုလည်း သတိရပါတယ်။ အခုကိုဇက်တစ်ယောက် ပျော်ရွှင်ပါစေလို့ ဆုတောင်းမိသလို ကိုပြည်သစ်တည်လည်း အဆင်ပြေချောမွေ့ ပါစေလို့ မေတ္တာပို့ ပါတယ်။ (မှတ်ချက်- ဘုရားမရှိခိုးမိဘူး စိတ်ထဲကဘဲဆုတောင်းတာပါ)။ အဓိကကတော့ ကိုပြည်သစ်တည်ကိုပါ ရောက်စက အဆင်မပြေမှုတွေနဲ့ မလေးကို သွားခဲ့ရတဲ့အချိန်မှာ သူတော့မသိဘူး ကျွန်တော်က တော်တော်ကို ခင်တွယ်မိနေမိပါပြီ။ ၀မ်းလည်းနည်းမိတယ်။ အဆင်မပြေမှုတွေကြောင့်သာ နှစ်ယောက်လုံးနဲ့ ဝေးနေရပေမယ့် သူတို့ ဟာ ကျွန်တော့်ဘ၀ရဲ့ သူငယ်ချင်းတဖြစ်လည်း အစ်ကိုတွေပါဘဲ။ ကိုဇက်နဲ့ ရံဖန်ရံခါတွေ့ ပေမယ့် ကိုပြည်သစ်နဲ့ ကတော့ အွန်လိုင်းပေါ်မှာဘဲ နောက်ကြပြောင်ကြမိပါတယ်။ အတူနေခဲ့အချိန်မှာ ကျွန်တော့်ကို ညီအရင်းသဖွယ်စောင့်ရှောက်ခဲ့တဲ့ ကိုဇက်ရော ကိုပြည်သစ်တည်ကိုရောပါ အမြဲအမှတ်ရနေမှာပါ။ တချိန်ချိန်မှာ အတူတူ ပြန်ဆုံကြရင် ပေါက်ကရလုပ်တတ်တဲ့ ကျွန်တော်တို့ တွေ သုံးယောက်ပေါင်း လောင်းကျော်ချင်ပါသေးတယ်။ ဘာသာမတူပေမယ့် ဓမ္မဘက်မှာ ကျွန်တော့်ထက်နှံ့ စပ်တဲ့ ကိုဇက်ကို လေးစားရသလို ဟိုဒီဇိုင်းနာကိုလည်း မေ့မရပါဘူး။ အငယ်ဆုံးကျွန်တော့်ကို ဂရုစိုက်တတ်တဲ့သူတို့ နှစ်ယောက်ရှိရင် ကျွန်တော်ဟာ သူတို့ ဆီက ပညာတွေထဲက တစ်ခုခုတော့ ရကောင်းရနိုင်ပါတယ်။ အထူးသဖြင့် ကိုဇက်ပေါ့ အခုဆို ကျွန်တော့်ကွန်ပြူတာတစ်ခုခုဖြစ်ရင် ဘာလုပ်ရမှန်းမသိဖြစ်နေချိန်မှာ ကိုဇက်ကတော့ကောင်းကောင်းကိုင်တွယ်နိုင်မယ်ထင်ပါတယ်။ ကိုပြည်သစ်တည်ကလည်း ဒီဇိုင်းဘက်မှာ တစ်မျိုးတစ်ဘာသာ ထူးချွန်နိုင်ပါတယ်။ အခု ကျွန်တော့်ဘလော့ဂ် ဘန်နာ ဒီဇိုင်းကလည်း သူ့ လက်ရာပါဘဲ။ အညှော်ခံနိုင်တဲ့သူပေါ့လေ။ coding ပိုင်းကို လေ့လာနေပေမယ့် ဒီဘက်မှာမထူးချွန်တဲ့ ကျွန်တော်ဟာ သူတို့ လက်ရာမှီဖို့ ကြိုးစာရပါလိမ့်အုံးမယ်။ ကဗျာစပ်တတ်တဲ့ကိုဇက်ရဲ့ ကဗျာကို မခံစားတတ်တဲ့ကျွန်တော်ဟာ အမှန်အတိုင်းပြောရရင် ပါရမီနည်းတယ်ပေါ့ဗျာ။ ဘလော့ဂ်ပို့ စ်တွေဖျက်လိုက်လို့  ပြန်ပြောတဲ့ ကိုပြည်သစ်တည်ရဲ့ စကားဟာလည်း အခုလို ပို့ စ်တွေဆက်တင်နိုင်အောင် တွန်းအားပေးပါတယ်။ သူပြောတာ အရှင်းလေးဗျ။ (ငါတို့ ကဆရာတွေမှမဟုတ်တာ အမှတ်တရပေါ့တဲ့) သူပြောတာဟုတ်တယ်။ မြန်မာပြည်ကိုပြန်ရင် ဒီဆိုက်က ဖွင့်လို မရဘူးလို့ သူငယ်ချင်းတွေက ပြောကြပါတယ်။ ဒီတော့ ဒီမှာနေတုန်း ကျွန်တော့်ရဲ့ အမှတ်တရလေးတွေပေါ့ဗျာ။ ပို့ စ်ကိုအရင်က စိတ်ပေါက်ရာတင်တတ်တဲ့ ကျွန်တော်ဟာ အခု သူများတွေတင်ထားတဲ့ ပို့ စ်တွေကို ကြည့်ပြီးရှက်တတ်လာတာကလည်း ပါလာတာပေါ့။ သူများတွေများ စာတစ်ကြောင်းရေးဖို့ အကိုးအကားတွေ ကဗျာတွေ စကားပုံတွေ ဆိုရိုးစကားတွေ ပါတတ်တယ်ဗျ။ မသိလို့ မဟုတ်ဘဲ ရေးရင် ဘာမှမစဉ်းစားမိတဲ့ ကျွန်တော်ပါ။ တစ်ယောက်က ဒီဟာလေးကို ဒီလိုရေးသွားပါလားဆိုပြီး သင်ခန်းစာတွေရပါတယ်။ ဒါပေမယ့်လည်း ဖြစ်မြောက်အောင် စကားလုံးလှအောင်မရွေးတတ်မရေးတတ်တာ ပင်ကိုယ်ဗီဇက အားနည်းတယ်ထင်ပ။ ဘယ်သူက ဘာတွေသိတယ် ဘယ်သူက ဘာတွေကိုဘယ်လိုရေးထားတယ်ဆိုတာကို တအံ့တဘြဖတ်ရတာ အမောပေါ့။ တကယ်တော့ ဒီဘက်ပိုင်းမှာ ကျွန်တော်သိတာက atom အပိုင်းအစတစ်ခုလောက်တော့လျော့ ပါလိမ့်မယ်။ ကိုဇက်ကို အားကျမိလို့ ဘလော့ဂ်ကို စပြီးတည်ထောင်မိသလို သူများဘလော့ဂ်တွေလို အနှစ်သာရဘာမှမပေးနိုင်တဲ့ ဒီဆိုက်လေးကိုလည်း အသစ်တင်ဖို့ ဝန်လေးမိတာအမှန်ပါ။ သိသမျှကို ဖောက်သည်ချပေမယ့် ကိုယ့်ထက်ပိုအကျွမ်းတ၀င်ရှိတဲ့သူတွေကြားမှာ လက်မမထောင်ချင်တာ ရှက်မိလို့ ပါ။ ဒါတွေဟာ ဒီဘလော့ဂ်ရေးမှမဟုတ်ပါဘူး အလုပ်ခွင်မှာလည်းအတူတူပါဘဲ။ ကျွန်တော်က တစ်မျိုးလို့ ဘဲထင်ပါလိမ့်မယ် မင်းအမှတ်တရတွေကများတာကွာလို့ ။ တကယ်တော့ ဒါတွေဟာ ကျွန်တော့်စိတ်ထဲမှာ အမှတ်ရနေသလို အမြဲဘဲ ရှင်သန်နေတဲ့  စိတ်ပါဘဲ။ ဘာဘဲဖြစ်ဖြစ် ကြိတ်အနိုင်လိုချင်တဲ့ မာနကလည်း ကျွန်တော့်ရဲ့ မကောင်းတဲ့စိတ်သဘောထားတစ်ခုပေါ့။ ဒါတွေဟာလည်း သိသိရဲ့ နဲ့ ပြင်မရတဲ့ အမှတ်တွေပေါ့။ ဘယ်တုန်းကမှ အလျှော့မပေးတဲ့စိတ်ကလည်း သူများတွေ အမုန်းပွားမလား အပြုံးထားမလားဆိုတာ မသိပါဘူး။ ငယ်ငယ်လေးထဲက အမှတ်တရနဲ့ ယှဉ်ပြိုင်အနိုင်ယူတတ်တဲ့စိတ်က အဖေပေးတဲ့အမွေပေါ့။ ဒီဘက်မှာ မသိလို့ မတော်တော့ သိတဲ့ဘက်မှာ ဘယ်သူမှမသာရအောင် ညစ်ကျယ်ကျယ်နဲ့ ငါးခူပြုံးပြုံးချင်တာ ကျွန်တော်ဘဲ။ ဘာဘဲနေနေ လူကြီးမဆန်ချင်တဲ့ကျွန်တော်ဟာ အခုမှ ၂၂ ဆိုတော့လည်း ကလေးပါဆိုပြီး ဒီပို့ စ်ဖတ်မိတဲ့သူတွေသည်းခံပါလိမ့်မယ်ဆိုပြီး အာကျယ်ကျယ်နဲ့ ဆက်ဖဲ့မိတာပါ။ အမှတ်တရတွေရော မှတ်မှတ်ရရတွေရော သ၀န်တိုစိတ်ကင်းတဲ့ယှဉ်ပြိုင်ချင်းတွေနဲ့ ရောနဲ့  ဒီပို့ စ်လေးဟာ ကျွန်တော့်ရဲ့ ပထမဆုံး အမှတ်တရကို ဖွင့်ချတဲ့ ရပ်ဝန်းလေးဘဲဖြစ်ပါတယ်ဗျာ။ (သည်းခံတတ်တဲ့သူသည်းခံပါ မသည်းခံတဲ့သူအီးအီးမှန်ပါစေ.. :0 )

အလွဲသုံးစားများစွာဖြင့်
မောင်ဆက်