27 September 2009

မပြီးဆုံးတဲ့ တနင်္ဂနွေ (လွမ်းမိပေါ့)

ရက်ကိုလစား လကှိုနှစ်စား နှစ်ကိုပြက္ခဒိန်စား ပြက္ခဒိန်ကိုတိုင်ကခြစား ခြကို ပိုးသတ်ဆေးဖျန်း အာ.....ဟုတ်သေးပါဘူး ပါဏတိပါတာတွေ ပါကုန်ပြီ။ မဆိုင်တဲ့အပေါက် ကလိုင်လို သံချောင်းသာထည့်ခေါက်ရင် အခုမောင်ဆက် ဦးနှောက်က ခလောက်ဆန်တာနဲ့ တင် ဘာမှမကျန်တော့ဘူး။ ရေးချင်တာက တနင်္ဂနွေနေ့ (ပြောရရင် ပြန်ချင်လို့ တစ်ပတ်ကုန်တဲ့  weekend လို့ ခေါ်တဲ့ အင်္ဂလိပ်လို ဖရူးဖရူးမှုတ်ရမယ့်နေ့ ) အဲဒါဘဲ။ ဘာမဆိုင်နဲ့ အပေါက်တွေပါမှန်းမသိဖြစ်သွားတယ်။ မြန်မာပြည်ကိုလွမ်းတယ် ချစ်သူကိုလည်း လွမ်းတယ်.. (ဒီစကားသာကြားရင် အဖေရောအမေပါ မွေးရကျိုးနပ်ကြောင်း ထောက်ခံပါလိမ့်မယ်.. ပြောပါလိမ့်မယ် ငါ့သား ရ တာ နာ လေးဆိုပြီး)။ တကယ်တမ်းပြောတော့ အမေလည်းလွမ်းတာဘဲ။ တစ်ခါတစ်လေ ဘိုင်ပြတ်လို့ ဗိုက်ဆာတဲ့အချိန်ဆိုပိုလွမ်းတယ် အမေ့ရဲ့ လက်ဖက်သုပ်နဲ့ ကြက်ဥကြော်ဟာ ကျွန်တော့်ရဲ့  favourite food ခေါ်မလားမသိ စားလို့ အရမ်းကောင်းလို့  ၃လုံးချက်တဲ့ထမင်းတထိုင်တည်းပြောင်တဲ့အထိ ပါးစပ်အစွမ်းထက်မိတဲ့အထိ လွမ်းစရာကောင်းပါတယ်။ အရင်က အမေပြောတဲ့ ပြတ်တုန်းလပ်တုန်း ၂၃ ဆိုတဲ့ စကားလေးကိုလည်း အမေနဲ့ ဖုန်းပြောရင်းသတိတရထည့်ထည့်ပြောမိပါတယ်။ ငယ်ငယ်တုန်းကမသိတဲ့ ဒီစကားလေးက အတော် တာသွားတာဘဲ.။ စဉ်းစားမိတာက ၂၃ ဆို လကုန်ဖို့ ဘာမှမလိုဘူးပေါ့ ဘာလို့ ဘိုင်ပြတ်တာလဲပေါ့ မသိဘူး။ အခုအလုပ်လည်းလုပ်ရရော တကယ် ပြတ်တုန်းလပ်တုန်း ၂၃ ပါ။ လခက ၂၅ ထုတ်ရပေမယ့် ၂၃ ဆို no money ဖိုးကုလားကြီး (ရှမ်းကြီးလို အသားမဖြူလို့ ) ဖြစ်နြေ့ပီ။ တကယ်ပါ အမေရယ် အမေသာ ဒီပို့ စ်လေးကိုဖတ်မိရင် ငါ့သားငယ်လေး နည်းနည်းသိလာပြီလို့ ပြုံးမယ်လို့ ထင်ပါတယ်။ လွမ်းပါတယ်အမေရယ်။ ပြန်လာရင် အရင်က ဆိုးခဲ့တာတွေကို ဦးချရှိခိုးပြီး အရင်လို အမေ့ရင်ခွင်မှာ အိပ်ချင်ပါတယ်။ ရေမြေခြားလို့  အဝေးကိုမလွှတ်ရဲတဲ့ အမေ စိတ်မချနဲ့ တတွတ်တွတ် လေဆိပ်မှာ အမှာစကားတွေပြောရှာတဲ့ အမေ custom gate ကိုဖြတ်ပြီး အမေ့ကို လက်ပြတဲ့အချိန် ရီဝေေ၀နဲ့ ကြည့်ရှာတဲ့အမေ့မျက်နှာကို သား ပြန်မြင်ယောင်မိပါတယ်။ အခုထိလည်း စိတ်မချနိုင်သေးတဲ့ အမေရယ်ပေါ့။ ၂၂ဆိုတာ မငယ်ပေမယ့် သားကတော့ အမေ့ရင်ခွင်ကို လွမ်းပါတယ်။ ထင်ရာစိုင်းတတ်တဲ့ ကျွန်တော့်စိတ်ကို မျက်ကွယ်မပြုဘဲ အကောင်းဘက်ရောက်အောင် ထိန်းကျောင်းပေးတဲ့ အမေ့စေတနာကို သားနားလည်ပြါ့ပီ။ ဆိုးလို့ မိုက်ခဲ့ပေမယ့် သားကို ဘ၀ သင်ခန်းစာတွေသိအောင် ဒီကိုလွှတ်သလားလို့ သားပြန်မေးချင်နေပါတယ်။ တကယ်လည်း လောကဓံရဲ့ အစိတ်အပိုင်းတစ်ခုကို တတ်သိနားလည်စပြုလာပြီအမေ..။ လူ့ ဘ၀ကို နည်းနည်းနားလည်လာသလိုလိုပေါ့အမေရယ်..။ သားအငယ်ဆုံးကို အစ်ကိုလို ဆရာဝန်ဖြစ်စေချင်တဲ့အမေ..။ ထင်သလိုဖြစ်မလာတော့ ရတဲ့ အင်ဂျင်နီယာလိုင်းမှာ တိုးတက်စေချင်တဲ့အမေ..။ အရင်က သားမသိခဲ့ပါဘူး.. ပေါ့ပေါ့နေပေါ့ပေါ့စားဆိုတာ ကျွန်တော့်လုပ်ရပ်ရဲ့ တစိတ်တပိုင်းလောက်ဘဲဖြစ်မယ်ထင်တယ်..။ ခုနေပြန်တွေးမိရင် ရှက်ပါတယ်..။ ဒီတနင်္ဂနွေတွေမြန်မြန်ကုန်ချင်ပြါ့ပီ.. အမှန်ပြောရရင် မိဘအိမ်ဟာ နွေးထွေးတဲ့ အသိုက်လေးတစ်ခုပါဘဲ..(မင်းကငှက်လားလို့ မမေးနဲ့ တော့နော် ကိုပြည်သစ်) တွေးမိရင် ၀မ်းနည်းတယ် ရှက်လည်းရှက်တယ် ကိုယ့်ဘက်ကမဖြည့်စွမ်းနိုင်ခဲ့တာတွေကို အဝေးရောက်မှပြန်ပြောရရင် ကျွန်တော်ဟာ အမေ့သားမဖြစ်ထိုက်တော့ပါဘူး..။ သည်းခံခွင့်လွှတ်တဲ့အမေ့ကိုဘဲ ပိုပြီးချစ်နေမိပါတယ်..။ တကယ်တမ်းဖြစ်ချင်တိုင်းသာဖြစ်ခွင့်ရရင် ကျွန်တော်ဟာ အမေ့ဘေးမှာ အသိုက်အမြုံလေးနဲ့ အတူနေချင်ပါတယ်။ သားကို ခွင့်လွှတ်ပါ အမေ.. ဆုတောင်းလို့ သာပြည့်ခဲ့ရင် အမေတစ်ယောက် အသက်ရှည်ရာ အနာမဲ့ကြောင်းဘဲ ကြားချင်ပါတယ်။ အော် ကုန်ခဲလှပေါ့ တနင်္ဂနွေတွေရယ်.....