02 October 2009

ကျွန်တော့်အမှတ်တရများ (ခေတ္တ စင်္ကာပူ) ၂

အမှတ်တရတွေကလည်း များလွန်းတယ်.။ များမှာပေါ့ အလကားနေရင်းတောင် ပျင်းလို့ အောက်ဆင်း စက်ဘီးစီးရင်တောင် ဘယ်ကောင်မလေးကချောလိုက်တာဆိုပြီး အလကားနေရင်း အမှတ်ရနေတာ.။ ကျန်တာဆိုပြောမနေနဲ့ တော့..။ ဒီတစ်ခါအမှတ်ရတာက ကျွန်တော့်စက်ရုံက စက်ကြီး.။ ကံကောင်းလို့ လက်မပြတ်တာ အဲတာလည်း အမှတ်တရဘဲလေ။ လက်နှစ်ချောင်းလုံး အမာရွတ်လေးတွေနဲ့ အမှတ်တရပေါ့..။



Checking Diameter machine


ဒီစက်ကိုအမှတ်ရစေတဲ့အချက်ကတော့ ဒီကောင်က မကြာခဏပျက်တယ်..။ ပြီးတော့ ကျွန်တော့်အလုပ်နေရာနဲ့ ဆို နည်းနည်းလှမ်းတော့ ပျက်တိုင်း ခြေတိုအောင်လျှောက်ပြီး သွားသွားပြင်ရလို့ အမှတ်ရနေတာ.။ ဖိနပ်ပါးတဲ့စက်ပေါ့..။ Solenoid bar ပျက်ရင်လည်း တော်တော်နဲ့ ပြင်မရတဲ့အမျိုးခင်ဗျ။





Koyo Centerless Grinding Machine


ဒီစက်ကတော့ ခဏခဏ ဖောက်တယ်။ ပျက်ရင်လည်း တစ်နေ့ လုံးဘဲ ပြင်ရင်လည်း ထမင်းပါငတ်တယ်။ မကြာခဏ Grinding wheel ချရတယ် Adjust ပြန်ပြန်လုပ်ရတယ်။ သေချင်စော်နံတဲ့နေ့ က အဲဒီစက် Grinding wheel ချတဲ့နေ့ ဘဲ။ ချွေးပြန်ပုံများ စကားလေး သွားသတိရမိသေးတယ်။ နဖူးကချွေးခြေမကျအောင်လုပ်မှ စားရသောက်ရတာတဲ့။ တကယ်ဗျာ ခြေမတော့မထိဘူး Safety Shoe မှာတော့ ရွှဲနေတာဘဲ။ ယူနီဖောင်းကိုချွတ်ပစ်ချင်စိတ်ပေါက်နေတာဘဲ..။ လူကြီးတွေရှေ့ မို့ မရိုသေရာကျမှာကြောင့်သာ အောင့်အီးနေရတာ..။ ဘယ် အဲယားကွန်း ဘယ်ပန်ကာမှလိုက်မမှီအောင် ချွေးပြန်တယ်။ ကြည့်ပါအုံးဗျာ အဲဒီ Grinding wheel ပေါ့ လူနှစ်ယောက်မပြီး အဲဒီ ခုံပေါ်တင်တာတောင် ခါးကိုင်းမတတ်မရတယ် ၁၀ Kg ထက်ကျော်မယ်ထင်ပ..။ လည်ချက်ကတော့ ကမ်းကုန်တယ် 2100 rpm ရှိတယ်..။ Facing သချင်တဲ့ ရုပ်ဆိုးဆိုးမမ ကိုကိုတွေအတွက် အာခမံပေးပါတယ်..။ ၁ မိနစ်မကြာပါဘူးလို့ ..။ :P







Eccentric Grinding machine (Toyoda GT 011)

အဟဲ ဒီစက်ကလည်း ထူမခြားနား ပတ်ပျိုးပါဘဲ..။ ဒီကောင်က တစ်မျိုး..။ ခုနလို Grinding wheel တော့ချစရာမလိုဘူး ဒီကောင်ကကျ ဆရာ့ဆရာလိုင်း Programming, Coding ပိုင်းတွေ ကြောင်ကြောင်သွားတာ.။ ဒါမျိုးတော့ မောင်ဆက်လည်း မတတ် maintenance က ကိုကိုများ ကြွပါလုပ်ရတယ်.။ သူတို့ လည်းလက်မြှောက်ပါပြီဆိုရင်တော့ မောင်ဂျပန်ရေ မင်းစက်မင်းဘာသာ လာပြင်လို့ ခေါ်တော်မူရတယ်။ အဲလို ဒုက္ခပေးတာခင်ဗျ..။ မှတ်သားလောက်ပါထယ်ခင်ဗျ မှတ်သားလောက်ပါတယ်ရှင့် (အရိုင်း unicolor books ကြော်ငြာလို သီဆိုရန်) ပါခင်ဗျာ..။ တကယ့်အမှတ်တရအကြီးစားကြီးပါ.။




Slit Grinding and Wet Buffing

ဒင်းကလေးကတော့ အခုထိလည်း ပေပေတေတေနဲ့ လည်နေတုန်းလေးဘဲ..။ တခြားစက်တွေထက်ဆိုးတာကတော့ ဒီကောင်ကပျက်ရင် အကုန်ပျက်တာ Air pipe တွေပြတ်ထွက်တယ်..။ Air pressure တွေပြန်ချိန်ရတယ်။ Limit Switch တွေခဏခဏလဲရတယ်။ အဆိုးဆုံးက Cycle Timeout alarm ခဏခဏဖြစ်တယ်..။ ရေတွေခဏခဏလျှံလို့ မောင်ဆက်တို့ စက်ရုံထဲ ရေခဏခဏကူးနေရတယ်..။ အသားကုန်လျှံတဲ့နေ့ ဆို လှေပါလှော်လို့ ရတယ်။ ဒီနေ့ လည်း Slit Grinding တွေ standard side ကိုမမှီိလို့ စိတ်ညစ်ညစ်နဲ့ နောက်နေ့ မနက်ခင်းဂျူတီပြင်ပါလိမ့်မယ်ဆိုပြီး သံယောဇဉ်ဖြတ်ခဲ့ရသေးတယ်။ ဆိုးချက်ရရင်နင့်စရာ ရေတွေကတအားလျှံတော့ ဗလောင်ဆူရင်ပူပူနဲ့ Cleaning တွေလုပ်ခဲ့ရပေါ့ (စိုင်းစိုင်းရေ ခဏစာသားပြောင်းမယ်ကွာ) :)





Inserting Oil Plate & Diameter Checking (Final Stage)

ဒီစက်တော့ ဤဖေကိုယ်မေ့မရနိုင်တော့ပါဘူးဗျာ..။ လက်ညှပ်မိတာလည်း ဒီကောင်ဘဲ..။ စိတ်အညစ်ရဆုံးနဲ့ အလုပ်ရှုပ်ဆုံးစက်ပေါ့..။ Sensor သေးသေးလေးတွေကို အကြိုအကျား နှိုက်ပြီး ချိန်ရတာက အခက်ဆုံး။ အဲတာကြောင့်လည်း မောင်ဆက် လက်က အာမခံနဲ့ ထားရမလိုဖြစ်နေပြီ..။ သတိမေ့လို့ ကတော့ လာထား မပြောမရှိနဲ့ ကိုယ်တွေ့ ဗျ ကိုယ်တွေ့ ။ နှစ်ခါညှပ်ပြီးပြီ တစ်ခါကနည်းနည်းခံသာတယ် အခုဖြစ်တဲ့တစ်ခါက အဆိုးဆုံး..။ အမေမွေးတုန်းက အကောင်း အိပ်ငိုက်မိတာနဲ့ ကံကောင်းလို့  I Love u signal ကို automatic ပြပြီးသားဖြစ်တော့မလို့ ။ ဟဲ ဒီစက်မှာ မြန်မာ့နည်းမြန်မာ့ဟန်နဲ့  တီထွင်သူမောင်ဆက် ကိုယ်တိုင် idea ထုတ်ပြီး တပ်ဆင်ထားတဲ့ စပရိန်ကြီးကို တွေ့ မိကြလားမသိဘူး..။ Air cylinder ကအရမ်းလေးနေတော့ pressure bar တွေ အကုန်ဖွင့်ထားတာတောင် တက်တာနှေးနေလို့  Timeout မဖြစ်အောင် စပရိန်ကြီးချိတ်ပေးထားတာလေ။ ဘာရမလဲ အဲတာမြန်မာလို့ သာ ကြွေးကြော်လိုက်ကြ.။ ဂျပန်စက်ရုံမှာ အမှတ်တရကြီးတစ်ခုပေါ့ဗျာ.။ Excuetive Manager အော်ဒါမှာထားတယ်ပြောတဲ့ spare part အသစ်မရောက်မချင်း ဤသို့ သာသုံးစွဲကြလတ္တံ့ ။ အဲကောင်ပေါ့ လက်ညှပ်တာ နာလိုက်တာဗျာ ကိုယ်လုပ်ကိုယ်ခံပေါ့လေ မတတ်နိုင် Limit Switch ပွင့်ဖို့ အဲဒီ Air cylinder ကြီးအော်ဒါမြန်မြန်ရောက်ပါစေဘဲ ဆုတောင်းရတယ်..။ မန်နေဂျာရဲ့ စကားကို ၂ နဲ့ စား အကြွင်းတ၀က်ကလည်း ယုံရခက်ခက်ဘဲ..။ ပြန်သွားတဲ့သူငယ်ချင်းကတော့ စေတနာနဲ့ သတိပေးသွားတယ်..။ မင်းမရောက်ခင်ကတည်းက ငါ့စက်မှာလည်း air cylinder ကို ငါမှာတယ် ငါ့အထက် နှစ် ၉ နှစ် လောက်ကျော်ပြီးလုပ်နေတဲ့ ငါ့ senior လည်းမှာဘူးတယ်တဲ့..။ ဂျပန်ကမရောက်သေးတာဘဲလား သူဘဲရောင်းစားတာလားမသိဘူးတဲ့ အခုထိလည်း ငါ့ဘာသာ သားရေကွင်းပတ်မောင်းနေရတာမင်းအမြင်ဘဲလို့ ပြောထားတော့ တွေးမိတိုင်း အသည်းနာသည် အမျိုးပါဆဲချင်ပါပေ့လေးလို ဖြစ်နေတော့မယ်ဗျာ..။

အားလုံးကို အသေးစိတ်ခြုံငုံပြောရရင် စက်ပျက်နေတယ်လို့ အသံကြားတာနဲ့ ရောက်ရာနေရာကနေ ပြန်ပြေးချင်စိတ်ပေါက်ပေါက်လာတဲ့အထိ အမှတ်တရတွေနဲ့ မှတ်မှတ်ရရကို ရှိနေတာပါဗျာ..။ စက်တစ်ခုလုံးဆင်ထားတာမှ ၃ နှစ်မပြည့်သေးဘူး မြန်မာနဲ့ တရုတ် Operator များလက်စွမ်းပြမှုများကြောင့် စက်ရုံမှ MD တောင် ဩချယူရလောက်တဲ့အထိ အစွမ်းထက်မြက်စွာနဲ့ အခုထိ မောင်ဆက်ကိုယ်တိုင် မောင်းနှင်နေတုန်းပါဘဲခင်ဗျာ..။




30 September 2009

အခုတော့ ဖျက်ကင်းနစ်ကနေ တကယ်ပြင်တတ်သွားတယ်

ညအလုပ်ကပြန်လာပြီးကထဲက .rar file run လို့ မရတာနဲ့  winrar ကိုဆွဲဖို့ လုပ်ရင်းနဲ့  အဲဒါဆွဲဖို့ ငါဘယ်ကဖတ်မိပါလိမ့်လို့ ပြန်စဉ်းစားတော့ ချက်ဆို နားခွက်ကမီးတောက်ပြီးသား ဦးနှောက်ကတော်တော်နဲ့ ထွက်မလာဘူး။ အဲဒီ့ချက်ဆိုတာ မြန်မာပြည်က ဗိုက်ပူချက်ပလက်ကိုဆိုတာထင်ပါရဲ့  အဲလိုဦးနှောက်ကစဉ်းစားမရလို့ ဆိုပြီး ထမင်းထစားမှ အမှတ်ရလာတယ်ဗျာ (အင်းမှတ်မိတာတောင် အစားအသောက်နဲ့ မှ)။ မှတ်မှတ်ရရ အဲဒီဆိုက်လေးဖွင့်တုန်းကလည်း အဲလိုထမင်းစားရင်းနဲ့ ကြည့်မိလို့ မှတ်ထားတာ။ အဲတာနဲ့ ကောက်ဖွင့်လိုက်ပြီး Task Manager, Registry ဖော်မရတာတွေပါ လုပ်ထည့်လိုက်တယ်။ အတုမြင်အတတ်သင်တော့ မောင်ဆက်ကဖြစ်တယ် လာထားပေါ့။ တကယ်တန်းသူ (ကိုဇော်၃၅၇) ပြောပြမှ သိရတဲ့ ငလဒူဆိုတာ အီဖေကိုယ်အစစ်ပေါ့။ ဗိုင်းရပ်စ်ဝင်မှန်းတောင်မသိဘဲ ဆက်လက်သုံးစွဲနေတာလေ။ တစ်ခုမှဖွင့်မရမှ ကိုဇီးပြားကယ်ပါ ကိုပြီတီတီကယ်ပါဆိုပြီး ဖုန်းဆက်၍တမျိုး G talk မှညှော်၍တဖုံ နည်းလမ်းစုံသုံးကာ စိတ်ဒုက္ခလိုက်ပေးတတ်သူလည်း ဒီငနဲသားဘဲ.. ဟဲ ဟဲ။ ထိုသို့ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆက်လက်သုံးစွဲနေတာပေါ့. အခုတော့ ဒီဆိုက်ဖတ်လိုက်ရမှ ဘုရား ဘုရားရော Pagoda water ရော အမျိုးစုံစွာ တမိပါတော့တယ်။ တကယ်လည်း Task Manager ဖွင့်မရတာကြာပေါ့ ဟိုတစ်ခါ Format ကို အိမ်ရှိအစ်ကိုကြီးတစ်ယောက်မှ သူငယ်ချင်း ကွန်ပြူတာရှက်ဘဲနဲ့ ပေါင်း၍ ကိုင်ထည့်လိုက်ရမှာမှ များမကြာမှီမှာပါ ဖွင့်၍မရတော့ပါ။ Registry ကလည်းထိုနည်းတူလည်းကောင်းပင်..။ ဒီလိုနဲ့ နေလာတာ အခု ဒီဆိုက်မဖတ်ရသေးခင်အထိ ဘာမှမသိ တုံးလှပေရော့သည်။ ဤဖေကိုယ်ကို ကယ်တင်မယ့် မဏိမေခလာ နတ်သား (သူကယောကျာ်းလေးဖြစ်နေတယ် ဟင့်) ဆိုက်ကို ပေါက်တတ်ကရ လွန်စွာမှသိသော ရဲဘော် အစ်ကိုတော် ဘရားသားမှ ညွှန်ကြားချက်နဲ့ အညီ ရှာရင်းဖွေရင်း တွေ့ ခဲ့တော့ သဘောမနောခွေ့ ပြီး ဆွေ့ ဆွေ့ ခုန်သည်အထိ ပြုံးမိပါဧ။် ရှိသမျှဟာတွေကို အကုန်ကူးထားချင်ပါသည်။ တကယ်လည်း လက်တွေ့ အသုံးဝင်လှပါဧ။် ရှိရှိသမျှအမျိုးစုံအောင် တင်ဆက်ပြသ လမ်းပြထားသော ထိုသူကိုလည်း ကျေးဇူးတင်ပါ၏.။ သူရေးသမျှကို နောက်ကနေ စမ်းတ၀ါးဝါးလိုက်ရင်းအခုတော့ ကွန်ပြူတာလေးက အတော့်ကို ဟုတ်သွားတယ် ဟီဟီ ပျော်လိုက်တာ ကိုယ်ပြင်လို့ အဲလိုကောင်းသွားရင် အရမ်းပျော်တာဘဲ။ စက်ရုံကစက်ကတော့ ဒီနေ့ လွန်စွာမျှပျက်သည် ကိစ္စမရှိ ဤစက်က ဒီဖေကိုယ်မပြင်လည်း ဂျပန်တွေရှိ၏..။ ဤကွန်ပြူတာသာ မောင်မပြင်ရင် ဘယ်သူမှ မပြင်တတ်ပေ.။ စာဖတ်သူလည်း လွန်စွာမှ သိချင်နေလောက်ပေပြီ လေကြောမရှည်သင့်။ ပို့ စ်ခေါင်းစဉ်ကို click ကြကုန်လော့..။

27 September 2009

မပြီးဆုံးတဲ့ တနင်္ဂနွေ (လွမ်းမိပေါ့)

ရက်ကိုလစား လကှိုနှစ်စား နှစ်ကိုပြက္ခဒိန်စား ပြက္ခဒိန်ကိုတိုင်ကခြစား ခြကို ပိုးသတ်ဆေးဖျန်း အာ.....ဟုတ်သေးပါဘူး ပါဏတိပါတာတွေ ပါကုန်ပြီ။ မဆိုင်တဲ့အပေါက် ကလိုင်လို သံချောင်းသာထည့်ခေါက်ရင် အခုမောင်ဆက် ဦးနှောက်က ခလောက်ဆန်တာနဲ့ တင် ဘာမှမကျန်တော့ဘူး။ ရေးချင်တာက တနင်္ဂနွေနေ့ (ပြောရရင် ပြန်ချင်လို့ တစ်ပတ်ကုန်တဲ့  weekend လို့ ခေါ်တဲ့ အင်္ဂလိပ်လို ဖရူးဖရူးမှုတ်ရမယ့်နေ့ ) အဲဒါဘဲ။ ဘာမဆိုင်နဲ့ အပေါက်တွေပါမှန်းမသိဖြစ်သွားတယ်။ မြန်မာပြည်ကိုလွမ်းတယ် ချစ်သူကိုလည်း လွမ်းတယ်.. (ဒီစကားသာကြားရင် အဖေရောအမေပါ မွေးရကျိုးနပ်ကြောင်း ထောက်ခံပါလိမ့်မယ်.. ပြောပါလိမ့်မယ် ငါ့သား ရ တာ နာ လေးဆိုပြီး)။ တကယ်တမ်းပြောတော့ အမေလည်းလွမ်းတာဘဲ။ တစ်ခါတစ်လေ ဘိုင်ပြတ်လို့ ဗိုက်ဆာတဲ့အချိန်ဆိုပိုလွမ်းတယ် အမေ့ရဲ့ လက်ဖက်သုပ်နဲ့ ကြက်ဥကြော်ဟာ ကျွန်တော့်ရဲ့  favourite food ခေါ်မလားမသိ စားလို့ အရမ်းကောင်းလို့  ၃လုံးချက်တဲ့ထမင်းတထိုင်တည်းပြောင်တဲ့အထိ ပါးစပ်အစွမ်းထက်မိတဲ့အထိ လွမ်းစရာကောင်းပါတယ်။ အရင်က အမေပြောတဲ့ ပြတ်တုန်းလပ်တုန်း ၂၃ ဆိုတဲ့ စကားလေးကိုလည်း အမေနဲ့ ဖုန်းပြောရင်းသတိတရထည့်ထည့်ပြောမိပါတယ်။ ငယ်ငယ်တုန်းကမသိတဲ့ ဒီစကားလေးက အတော် တာသွားတာဘဲ.။ စဉ်းစားမိတာက ၂၃ ဆို လကုန်ဖို့ ဘာမှမလိုဘူးပေါ့ ဘာလို့ ဘိုင်ပြတ်တာလဲပေါ့ မသိဘူး။ အခုအလုပ်လည်းလုပ်ရရော တကယ် ပြတ်တုန်းလပ်တုန်း ၂၃ ပါ။ လခက ၂၅ ထုတ်ရပေမယ့် ၂၃ ဆို no money ဖိုးကုလားကြီး (ရှမ်းကြီးလို အသားမဖြူလို့ ) ဖြစ်နြေ့ပီ။ တကယ်ပါ အမေရယ် အမေသာ ဒီပို့ စ်လေးကိုဖတ်မိရင် ငါ့သားငယ်လေး နည်းနည်းသိလာပြီလို့ ပြုံးမယ်လို့ ထင်ပါတယ်။ လွမ်းပါတယ်အမေရယ်။ ပြန်လာရင် အရင်က ဆိုးခဲ့တာတွေကို ဦးချရှိခိုးပြီး အရင်လို အမေ့ရင်ခွင်မှာ အိပ်ချင်ပါတယ်။ ရေမြေခြားလို့  အဝေးကိုမလွှတ်ရဲတဲ့ အမေ စိတ်မချနဲ့ တတွတ်တွတ် လေဆိပ်မှာ အမှာစကားတွေပြောရှာတဲ့ အမေ custom gate ကိုဖြတ်ပြီး အမေ့ကို လက်ပြတဲ့အချိန် ရီဝေေ၀နဲ့ ကြည့်ရှာတဲ့အမေ့မျက်နှာကို သား ပြန်မြင်ယောင်မိပါတယ်။ အခုထိလည်း စိတ်မချနိုင်သေးတဲ့ အမေရယ်ပေါ့။ ၂၂ဆိုတာ မငယ်ပေမယ့် သားကတော့ အမေ့ရင်ခွင်ကို လွမ်းပါတယ်။ ထင်ရာစိုင်းတတ်တဲ့ ကျွန်တော့်စိတ်ကို မျက်ကွယ်မပြုဘဲ အကောင်းဘက်ရောက်အောင် ထိန်းကျောင်းပေးတဲ့ အမေ့စေတနာကို သားနားလည်ပြါ့ပီ။ ဆိုးလို့ မိုက်ခဲ့ပေမယ့် သားကို ဘ၀ သင်ခန်းစာတွေသိအောင် ဒီကိုလွှတ်သလားလို့ သားပြန်မေးချင်နေပါတယ်။ တကယ်လည်း လောကဓံရဲ့ အစိတ်အပိုင်းတစ်ခုကို တတ်သိနားလည်စပြုလာပြီအမေ..။ လူ့ ဘ၀ကို နည်းနည်းနားလည်လာသလိုလိုပေါ့အမေရယ်..။ သားအငယ်ဆုံးကို အစ်ကိုလို ဆရာဝန်ဖြစ်စေချင်တဲ့အမေ..။ ထင်သလိုဖြစ်မလာတော့ ရတဲ့ အင်ဂျင်နီယာလိုင်းမှာ တိုးတက်စေချင်တဲ့အမေ..။ အရင်က သားမသိခဲ့ပါဘူး.. ပေါ့ပေါ့နေပေါ့ပေါ့စားဆိုတာ ကျွန်တော့်လုပ်ရပ်ရဲ့ တစိတ်တပိုင်းလောက်ဘဲဖြစ်မယ်ထင်တယ်..။ ခုနေပြန်တွေးမိရင် ရှက်ပါတယ်..။ ဒီတနင်္ဂနွေတွေမြန်မြန်ကုန်ချင်ပြါ့ပီ.. အမှန်ပြောရရင် မိဘအိမ်ဟာ နွေးထွေးတဲ့ အသိုက်လေးတစ်ခုပါဘဲ..(မင်းကငှက်လားလို့ မမေးနဲ့ တော့နော် ကိုပြည်သစ်) တွေးမိရင် ၀မ်းနည်းတယ် ရှက်လည်းရှက်တယ် ကိုယ့်ဘက်ကမဖြည့်စွမ်းနိုင်ခဲ့တာတွေကို အဝေးရောက်မှပြန်ပြောရရင် ကျွန်တော်ဟာ အမေ့သားမဖြစ်ထိုက်တော့ပါဘူး..။ သည်းခံခွင့်လွှတ်တဲ့အမေ့ကိုဘဲ ပိုပြီးချစ်နေမိပါတယ်..။ တကယ်တမ်းဖြစ်ချင်တိုင်းသာဖြစ်ခွင့်ရရင် ကျွန်တော်ဟာ အမေ့ဘေးမှာ အသိုက်အမြုံလေးနဲ့ အတူနေချင်ပါတယ်။ သားကို ခွင့်လွှတ်ပါ အမေ.. ဆုတောင်းလို့ သာပြည့်ခဲ့ရင် အမေတစ်ယောက် အသက်ရှည်ရာ အနာမဲ့ကြောင်းဘဲ ကြားချင်ပါတယ်။ အော် ကုန်ခဲလှပေါ့ တနင်္ဂနွေတွေရယ်.....

ပြောပါရစေဗျာ ဒီ ၅၀၀၀တန်အကြောင်း

ဟူး ငွေဈေးက မတတ်မကျ လခက မရတရ အိုဗာတိုင်ကမရှိတရှိ ဖြစ်နေတဲ့ အချိန် ကြားလိုက်ရတဲ့ သတင်းက ဆိုးရွားတာလား ပျော်ရမှာလားမသိပါဘူးဗျာ။ ကိုယ့်ချစ်သူကိုမေးတဲ့ အခုမှသိတာတဲ့။ တော်တော်နှံ့ စပ်တဲ့ချစ်သူကိုလည်း စိတ်မတိုရက်ပါဘူးလေ။ ပြောချင်ပါရဲ့  ၅၀၀၀တန်ရေ။ သားသမီးတွေ ခိုးရလွယ်အောင်နဲ့ အသုံးဖြုံးတတ်အောင် လုပ်ပေးနေသလိုလို.. သူလုပ်လို့ ဘဲ အခု ရွှေဈေးတွေတက်သတဲ့ ဆန်ဈေးလည်း မျက်စောင်းထိုးနေပြီ။ မကြာပါဘူး သူတို့ တွေတက်မှတော့ ကျန်တဲ့ဟာလည်း ခပ်လှုပ်လှုပ်နေမှာပါ။ အစကတည်းက တင်ချင်တာ အခုက အကြောင်းပြချက်ပိုကောင်းဆိုသလိုပေါ့။ ကုန်ဈေးနှုန်းက ပြန်မကျတဲ့ ဒီရေနဲ့  လခက အ၀ီစိက ယမမင်းကို ယောက်ဖတော်ချင်နေတာ။ ဒီပုံဒီနည်းနဲ့ မင်းကိုငါဘယ်လိုချော့မလဲ ဒီစာသားက အခု မြန်မာပြည်လူငယ်တွေကြားခေတ်စားတဲ့ Hiphop သီချင်းလေးထဲကလိုဘဲ.. ညည်းသာညည်းကြ။ ဖြစ်သမျှအကြောင်းအကောင်းချည်းပါဘဲဗျာပေါ့။ ငွေဈေးကတက်မတက်တော့မသိ ဒေါ်လာဈေးကတော့ မျက်ခုံးတောင်လှုပ်ရုံမက မျက်တောင်ပါ ခတ်လာပြီ။ သူများတွေလိုလည်း အပြစ်မတင်ချင်ပါဘူး.. ဖြစ်ပျက်နေတာလေးဘဲ သိစေချင်ပါတယ်။ ဘက်စ်စီးမယ်ဆို ၅၀ တန် ၁၀၀ တန်က ဟိုအဟောင်းဆိုကနေတောင်မလိုချင်လို့ အလကားပေးချင်နေပါတယ်ဆိုတဲ့ တိတ်ကပ် ကော်ကပ် ထမင်းလုံးကပ် တံတွေးဆွတ်တွေဖြစ်နေပြီ။ ၂၀ တန်နဲ့  ၁၀ တန်ဆို မြန်မာပြည်ပတ်ရှာရင်တောင် အမှတ်တရစုထားတဲ့ရှေးဟောင်းပြတိုက်ရောက်ခါနီးပြီ။ သေချာပါတယ် မောင်ဆက် မြန်မာပြည်ပြန်ရင် ကားခက နီးနီးနားနား ၁၀၀ကျပ်နဲ့  ဝေးဝေးဆို ၅၀၀ ကျပ်ဆိုက်ဖို့ ရာ။ သူတောင်းစားကို အရင်က ၅၀ကျပ်လောက်ထည့်ရင် အစ်ကိုကြီး ချစ်သူနဲ့ တသက်လုံးပေါင်းရပါစေ (သူပြောသလို စကားမပီကလာပြောရင် တီတတ်လုံပေါ့) လို့ ဆုပေးအုံးမယ်။ အခုသာထည့်ရင် ဟင်ခင်ဗျား တောင်းစားနေတဲ့သူတောင် ၅၀ထဲလားဗျာ ဒါနဲ့ ကျုပ်ကဘာသွားစားရမလဲဆိုပြီး အဆဲတောင်ခံရနိုင်တယ်။ ခင်ဗျားပိုက်ဆံ ဘုရားသွားလှူတာမှ မကောင်းလို့ ယူလိမ့်အုံးမယ်ဆိုပြီး အကောခံရနိုင်တယ်။ ဒီပုံဒီနည်းနဲ့ မင်းက အိမ်ထောင်ပြုဘုရားတည်ဆေးမှင်ရည်စုပ်ထိုး ဒီသုံးမျိုး J မပါ Jocker ပါမှဒေါင်းဆိုသလို မင်္ဂလာဆောင်ဖို့ ရာ ရည်ရွယ်ထားတာလေးတော့ ထပ်စုရအုံးမယ်ပေါ့ဗျာ..။ ဟုတ်လား အီတွန့် ပွမ်လို့ ပြောတဲ့ကိုပြည်သစ်တည် ပြန်ပြောရင် ဒေါ်.... ကတော့ ဟဲဟဲ သိတဲ့အတိုင်းနော် အီတွန့် ပွမ်သွားမယ်။ ဒီလည်း ကျွန်ခံရတာ ဟိုလည်း ငရဲကျတာ မောင်မင်းကြိုက်တာသာရွေးနော်။ ကျွန်ခံရတာကလည်း နားပူတယ် ငရဲကျတာကလည်း အကုန်ပူတယ်။ ပူတာချင်းအတူတူ ကြိုက်တာသုံးဆောင်ဘဲ။ သူမသာ ကိုယ်လည်း အသုဘပါ။ ဒီငွေစက္ကူထုတ်တော့ ငွေကြေးဖောင်းပွမလား ဖောင်းပြီး ပြည်သူတွေဘဲပြားမလား မသိတော့ပါ..။ ဖြစ်စေချင်တာကတော့ ညီတူမျှတူ သူဖောင်းကိုယ်ကောင်းဘဲ စိတ်ထဲမှာရှိပါတယ်ဗျာ......။

မူးလာရင် ဘယ်တော့မှမကောင်းတဲ့
မောင်ဆက်

ကျွန်တော့်အမှတ်တရများ (ခေတ္တ စင်္ကာပူ)

ရက်ကိုလစားတဲ့ လကိုနှစ်စားတဲ့ တစ်ယောက်ကတော့ပြောသွားပြီ။ သေချာတဲ့ အကြောင်းတရားကတော့ ကျွန်တော်တို့ တစ်တွေ တစ်မြေဆီခြားနေရတာပါဘဲ။ ခဏတာ ခင်မင်ရပေမယ့် တစ်ဘ၀စာ လေးစားရတဲ့ ကျွန်တော့်အစ်ကိုကြီး ကိုဇက်နဲ့ ကိုပြည်သစ်တည်ကို ဘယ်နေရာရာရောက်ရောက် အမှတ်ရနေတော့မှာပါ။ လေးလည်းလေးစားပါတယ် ငါးပေါက်မို့ ပါ။ ပြောရင်းနဲ့ ဖဲရိုက်ချင်လာပါတယ်.. ဟီး ကိုဇက်တို့ ကိုပြည်သစ်တို့ က အစ်ကိုဆိုလည်းဟုတ် သူငယ်ချင်းဆိုလည်းဟုတ်တဲ့ ကျွန်တော့်ဘ၀ရဲ့  ရဲဘော်ရဲဘက်တွေပါဘဲ။ ကိုဇက်ကို စတွေ့ ချင်းတုန်းက အရမ်းအေးတဲ့ အစ်ကိုကြီးတစ်ယောက် ဘာသာတရားကိုင်းရှိုင်းလွန်းတဲ့သူအနေနဲ့ မြင်ခဲ့ပေမယ့် တကယ်ပေါင်းကြည့်တော့ ကိုဇက်က အရမ်း မထင်ရင်မထင်သလို ပြောင်တတ်တဲ့ အစ်ကိုတစ်ယောက်သာမက ကျွန်တော်ဘိုင်ပြတ်ရင် ပိုက်ဆံချေးရတဲ့ အစ်ကိုပါဖြစ်လာတယ်.. ဟဲ သိတဲ့ အတိုင်း work permit သမားပီပီ ရသမျှအကုန်ပြောင်တာကလည်း မဆင်ခြင်နိုင်တဲ့ ကျွန်တော်ပေါ့။ တင်စန္ဒာအုန်းလို့ ပြောင်တတ်တဲ့ ကိုဇက်ကိုလည်းအခုထိ အစ်ကိုသဖွယ် အားကိုးခင်တွယ်နေတုန်းပါ။ နေရာမတူ ရေမြေခြားကိုရောက်သွားတဲ့ ကိုပြည်သစ်တည် (ကိုမျိုး) ကလည်းရောက်စက အနေအေးပေမယ့် တကယ်တန်းပေါင်းတော့ သူလည်း ခွက်ပုန်းဘဲ။ ဟဟ ကိုပြည်ရေ အမှန်ပြောရင် စိတ်မဆိုးကြေးနော်။ နှစ်ယောက်လုံးက ကျွန်တော် ဒီစင်္ကာပူကိုရောက်မှ ခင်မင်သလို မေ့မရတဲ့အမှတ်တရတွေနဲ့ ပြည့်နှက်နေခဲ့တဲ့သူတွေပေါ့။ စက်ဘီးအတူစီး Bedok Reservior ကန်ဘေးမှာ ဘောလုံးအတူကန်ခဲ့တာတွေကို အခုပြန်လိုချင်မိပါတယ်။ အဲလို ကိုဇက်က အအေးမတိုက်ချင်တာနဲ့ ဘောလုံးဂိုးဝင်တာကို အတင်းငြင်းတာကိုလည်း အမှတ်ရမိပါတယ်။ ကန်ဘေးမှာ ပြေးကျရင်း ဆန်ပြုတ်ကို အတူတူသောက်ခဲ့တာတွေကိုလည်း သတိရပါတယ်။ အခုကိုဇက်တစ်ယောက် ပျော်ရွှင်ပါစေလို့ ဆုတောင်းမိသလို ကိုပြည်သစ်တည်လည်း အဆင်ပြေချောမွေ့ ပါစေလို့ မေတ္တာပို့ ပါတယ်။ (မှတ်ချက်- ဘုရားမရှိခိုးမိဘူး စိတ်ထဲကဘဲဆုတောင်းတာပါ)။ အဓိကကတော့ ကိုပြည်သစ်တည်ကိုပါ ရောက်စက အဆင်မပြေမှုတွေနဲ့ မလေးကို သွားခဲ့ရတဲ့အချိန်မှာ သူတော့မသိဘူး ကျွန်တော်က တော်တော်ကို ခင်တွယ်မိနေမိပါပြီ။ ၀မ်းလည်းနည်းမိတယ်။ အဆင်မပြေမှုတွေကြောင့်သာ နှစ်ယောက်လုံးနဲ့ ဝေးနေရပေမယ့် သူတို့ ဟာ ကျွန်တော့်ဘ၀ရဲ့ သူငယ်ချင်းတဖြစ်လည်း အစ်ကိုတွေပါဘဲ။ ကိုဇက်နဲ့ ရံဖန်ရံခါတွေ့ ပေမယ့် ကိုပြည်သစ်နဲ့ ကတော့ အွန်လိုင်းပေါ်မှာဘဲ နောက်ကြပြောင်ကြမိပါတယ်။ အတူနေခဲ့အချိန်မှာ ကျွန်တော့်ကို ညီအရင်းသဖွယ်စောင့်ရှောက်ခဲ့တဲ့ ကိုဇက်ရော ကိုပြည်သစ်တည်ကိုရောပါ အမြဲအမှတ်ရနေမှာပါ။ တချိန်ချိန်မှာ အတူတူ ပြန်ဆုံကြရင် ပေါက်ကရလုပ်တတ်တဲ့ ကျွန်တော်တို့ တွေ သုံးယောက်ပေါင်း လောင်းကျော်ချင်ပါသေးတယ်။ ဘာသာမတူပေမယ့် ဓမ္မဘက်မှာ ကျွန်တော့်ထက်နှံ့ စပ်တဲ့ ကိုဇက်ကို လေးစားရသလို ဟိုဒီဇိုင်းနာကိုလည်း မေ့မရပါဘူး။ အငယ်ဆုံးကျွန်တော့်ကို ဂရုစိုက်တတ်တဲ့သူတို့ နှစ်ယောက်ရှိရင် ကျွန်တော်ဟာ သူတို့ ဆီက ပညာတွေထဲက တစ်ခုခုတော့ ရကောင်းရနိုင်ပါတယ်။ အထူးသဖြင့် ကိုဇက်ပေါ့ အခုဆို ကျွန်တော့်ကွန်ပြူတာတစ်ခုခုဖြစ်ရင် ဘာလုပ်ရမှန်းမသိဖြစ်နေချိန်မှာ ကိုဇက်ကတော့ကောင်းကောင်းကိုင်တွယ်နိုင်မယ်ထင်ပါတယ်။ ကိုပြည်သစ်တည်ကလည်း ဒီဇိုင်းဘက်မှာ တစ်မျိုးတစ်ဘာသာ ထူးချွန်နိုင်ပါတယ်။ အခု ကျွန်တော့်ဘလော့ဂ် ဘန်နာ ဒီဇိုင်းကလည်း သူ့ လက်ရာပါဘဲ။ အညှော်ခံနိုင်တဲ့သူပေါ့လေ။ coding ပိုင်းကို လေ့လာနေပေမယ့် ဒီဘက်မှာမထူးချွန်တဲ့ ကျွန်တော်ဟာ သူတို့ လက်ရာမှီဖို့ ကြိုးစာရပါလိမ့်အုံးမယ်။ ကဗျာစပ်တတ်တဲ့ကိုဇက်ရဲ့ ကဗျာကို မခံစားတတ်တဲ့ကျွန်တော်ဟာ အမှန်အတိုင်းပြောရရင် ပါရမီနည်းတယ်ပေါ့ဗျာ။ ဘလော့ဂ်ပို့ စ်တွေဖျက်လိုက်လို့  ပြန်ပြောတဲ့ ကိုပြည်သစ်တည်ရဲ့ စကားဟာလည်း အခုလို ပို့ စ်တွေဆက်တင်နိုင်အောင် တွန်းအားပေးပါတယ်။ သူပြောတာ အရှင်းလေးဗျ။ (ငါတို့ ကဆရာတွေမှမဟုတ်တာ အမှတ်တရပေါ့တဲ့) သူပြောတာဟုတ်တယ်။ မြန်မာပြည်ကိုပြန်ရင် ဒီဆိုက်က ဖွင့်လို မရဘူးလို့ သူငယ်ချင်းတွေက ပြောကြပါတယ်။ ဒီတော့ ဒီမှာနေတုန်း ကျွန်တော့်ရဲ့ အမှတ်တရလေးတွေပေါ့ဗျာ။ ပို့ စ်ကိုအရင်က စိတ်ပေါက်ရာတင်တတ်တဲ့ ကျွန်တော်ဟာ အခု သူများတွေတင်ထားတဲ့ ပို့ စ်တွေကို ကြည့်ပြီးရှက်တတ်လာတာကလည်း ပါလာတာပေါ့။ သူများတွေများ စာတစ်ကြောင်းရေးဖို့ အကိုးအကားတွေ ကဗျာတွေ စကားပုံတွေ ဆိုရိုးစကားတွေ ပါတတ်တယ်ဗျ။ မသိလို့ မဟုတ်ဘဲ ရေးရင် ဘာမှမစဉ်းစားမိတဲ့ ကျွန်တော်ပါ။ တစ်ယောက်က ဒီဟာလေးကို ဒီလိုရေးသွားပါလားဆိုပြီး သင်ခန်းစာတွေရပါတယ်။ ဒါပေမယ့်လည်း ဖြစ်မြောက်အောင် စကားလုံးလှအောင်မရွေးတတ်မရေးတတ်တာ ပင်ကိုယ်ဗီဇက အားနည်းတယ်ထင်ပ။ ဘယ်သူက ဘာတွေသိတယ် ဘယ်သူက ဘာတွေကိုဘယ်လိုရေးထားတယ်ဆိုတာကို တအံ့တဘြဖတ်ရတာ အမောပေါ့။ တကယ်တော့ ဒီဘက်ပိုင်းမှာ ကျွန်တော်သိတာက atom အပိုင်းအစတစ်ခုလောက်တော့လျော့ ပါလိမ့်မယ်။ ကိုဇက်ကို အားကျမိလို့ ဘလော့ဂ်ကို စပြီးတည်ထောင်မိသလို သူများဘလော့ဂ်တွေလို အနှစ်သာရဘာမှမပေးနိုင်တဲ့ ဒီဆိုက်လေးကိုလည်း အသစ်တင်ဖို့ ဝန်လေးမိတာအမှန်ပါ။ သိသမျှကို ဖောက်သည်ချပေမယ့် ကိုယ့်ထက်ပိုအကျွမ်းတ၀င်ရှိတဲ့သူတွေကြားမှာ လက်မမထောင်ချင်တာ ရှက်မိလို့ ပါ။ ဒါတွေဟာ ဒီဘလော့ဂ်ရေးမှမဟုတ်ပါဘူး အလုပ်ခွင်မှာလည်းအတူတူပါဘဲ။ ကျွန်တော်က တစ်မျိုးလို့ ဘဲထင်ပါလိမ့်မယ် မင်းအမှတ်တရတွေကများတာကွာလို့ ။ တကယ်တော့ ဒါတွေဟာ ကျွန်တော့်စိတ်ထဲမှာ အမှတ်ရနေသလို အမြဲဘဲ ရှင်သန်နေတဲ့  စိတ်ပါဘဲ။ ဘာဘဲဖြစ်ဖြစ် ကြိတ်အနိုင်လိုချင်တဲ့ မာနကလည်း ကျွန်တော့်ရဲ့ မကောင်းတဲ့စိတ်သဘောထားတစ်ခုပေါ့။ ဒါတွေဟာလည်း သိသိရဲ့ နဲ့ ပြင်မရတဲ့ အမှတ်တွေပေါ့။ ဘယ်တုန်းကမှ အလျှော့မပေးတဲ့စိတ်ကလည်း သူများတွေ အမုန်းပွားမလား အပြုံးထားမလားဆိုတာ မသိပါဘူး။ ငယ်ငယ်လေးထဲက အမှတ်တရနဲ့ ယှဉ်ပြိုင်အနိုင်ယူတတ်တဲ့စိတ်က အဖေပေးတဲ့အမွေပေါ့။ ဒီဘက်မှာ မသိလို့ မတော်တော့ သိတဲ့ဘက်မှာ ဘယ်သူမှမသာရအောင် ညစ်ကျယ်ကျယ်နဲ့ ငါးခူပြုံးပြုံးချင်တာ ကျွန်တော်ဘဲ။ ဘာဘဲနေနေ လူကြီးမဆန်ချင်တဲ့ကျွန်တော်ဟာ အခုမှ ၂၂ ဆိုတော့လည်း ကလေးပါဆိုပြီး ဒီပို့ စ်ဖတ်မိတဲ့သူတွေသည်းခံပါလိမ့်မယ်ဆိုပြီး အာကျယ်ကျယ်နဲ့ ဆက်ဖဲ့မိတာပါ။ အမှတ်တရတွေရော မှတ်မှတ်ရရတွေရော သ၀န်တိုစိတ်ကင်းတဲ့ယှဉ်ပြိုင်ချင်းတွေနဲ့ ရောနဲ့  ဒီပို့ စ်လေးဟာ ကျွန်တော့်ရဲ့ ပထမဆုံး အမှတ်တရကို ဖွင့်ချတဲ့ ရပ်ဝန်းလေးဘဲဖြစ်ပါတယ်ဗျာ။ (သည်းခံတတ်တဲ့သူသည်းခံပါ မသည်းခံတဲ့သူအီးအီးမှန်ပါစေ.. :0 )

အလွဲသုံးစားများစွာဖြင့်
မောင်ဆက်

18 September 2009

Free Download for Mobile Phone

ဒီနေ့ အလုပ်ကပြန်လာလို့ အိမ်ရောက်တာနဲ့ အ၀တ်လဲပြီး အခန်းအပြင်ထွက်လာတော့ အမှတ်မထင် အိမ်နေတဲ့ အစ်ကိုကြီးတစ်ယောက်က သူ့ ဖုန်း Motorolla လေးနဲ့ ဂိမ်းဆော့နေရင်း လှမ်းပြောလိုက်တဲ့အသံကို ကြားလိုက်ရတယ်။ သူ website တစ်ခုရထားတယ်တဲ့ အဲဒီမှာ ဖုန်းတော်တော်များများအတွက် free download တွေရနိုင်တယ်ဆိုတာနဲ့  ချက်ချင်းဘဲ ကျွန်တော့်ဖုန်း Nokia 6300 လေးယူပြီး သွားစမ်းကြည့်တယ်။ ဂိမ်းတစ်ခုကိုစမ်းပြီး download ဆွဲပြီး စမ်းပေမယ့် ကျွန်တော့်ဖုန်းက Network ချိတ်ခိုင်းနေတယ်။ ဒါနဲ့ ဘဲ သူ့ website နာမည်လေးမေးလာပြီး အခန်းထဲမှာ တစ်ယောက်တည်း ပြန်လုပ်ကြည့်တယ်။ wallpapers, screen savers, themes, software အစုံစုံဘဲဗျ။ အင်တာနက်ဂျာနယ်က ဖုန်းအရောင်းဆိုင်တစ်ဆိုင်ကနေပြောတဲ့  ရှိထားဖို့ လိုအပ်ပါတယ်ဆိုတဲ့ antivirus software တွေပါ ထည့်သွင်းပေးထားပါတယ်။ အစကထဲက ဖုန်းကို ကလိနေကြ ကျွန်တော်လည်း လက်တည့်စမ်းစရာတွေ ရလာပါတော့တယ် (ဘယ်နေ့ ပျက်မလဲ မသိ)။ Themes, wallpaper, screensaver တစ်ခုစီ download ဆွဲပြီး စမ်းကြည့်မိတယ်။ တော်တော်လေး လှတယ်ဗျ။ စိတ်ထဲမှာ နည်းနည်းပျော်သွားတယ်။ အရင်ကလည်း ဖုန်းနဲ့ ဂိမ်းဆော့ရတာကို အရမ်းဝါသနာပါတဲ့ ကျွန်တော့်အတွက်တော့ ထူးပြီးပြောနေစရာကို မလိုလောက်အောင် ကျေးဇူးတင်မိသွားတယ်။ မိမိလက်ကိုင်ဖုန်းလေးကို အသွင်သစ်လေးနဲ့ မြင်ချင်တယ် ဂိမ်းအသစ်တွေကို ဖုန်းအင်တာနက်ကနေပြီး ငွေကုန်ကြေးကျခံပြီး ကူးယူစရာမလိုဘဲ အလကားရချင်တယ် ဆိုတဲ့သူတွေ အတွက် http://www.emobilez.com/မှာရှာကြည့်ကြပါ။

17 September 2009

9.9.09

အဟောင်းကြီးတော့မလုပ်နဲ့  အားလုံကပျင်းတယ်တဲ့.. လေးဖြူသီချင်းစာသားကို သတိရသွားတယ်။ ထူးထူးဆန်းဆန်း လုပ်သွားတဲ့သူ့အစ်ကို အငဲကိုလည်း ချီးကျူးမိပါတယ်.။ ၉ ရက်နေ့ မှာတင်ရင် အဟောင်းလမ်းကြီးဘဲဖြစ်သွားမှာမို့ လို့ အခုမှ တင်တာလည်း အထူးအဆန်းလုပ်ချင်တဲ့ ကျွန်တော်ပါဘဲ..။ အငဲရဲ့  ၉ အယ်ဘမ် ထွက်ရှိလာတဲ့ ဒီ ၉ရက် ၉လ ၀၉ မှာ ထူးထူးခြားခြား ထပ်ကြုံခဲ့ပါတယ်..။ အဲတာကလည်း 9 ဆိုတဲ့ နာမည်နဲ့ animation movie တစ်ခု ထပ်မံထွက်ရှိလာတာပါဘဲ..။ အငဲရဲ့  ၉ အယ်ဘမ်ထဲက အိမ်ဆိုတဲ့ သီချင်းလေးကို ခံစားမိရင်း ကျွန်တော့်ဘ၀ကိုလည်း ပြန်တွေးမိတယ်။ စုတိုင်းလည်း ကုန်တတ်တဲ့ ကျွန်တော်ဟာ အခုဆိုရင် သူ့ ရဲ့ စာသားလိုလက်ထဲမှာ ဘယ်မလဲငွေ ပြန်သွားရင် အချည်းနှီးပါဘဲ လို့ ပြောင်းဆိုရမလိုဖြစ်နေပြီ။ ပိုက်ဆံလေးတွေစုချင်ခဲ့ လကုန်တိုင်း ဆုတောင်းတတ်တယ်။ ဒါပေမယ့် ကုန်စရာက ပေါ်ပေါ်လာတယ်လို့ စာသားဘဲပြောင်းလိုက်ပါ ကိုအငဲရာလို့ ပြောချင်မိတော့တယ်။ ဒီနေ့ မှတင်ရတာကလည်း ဟတ်ပီးဘတ်ဒေးကို နောက်ကျမှပြောမိလို့  စိတ်ကောက်တော်မူသွားတဲ့ အဝေးရောက်အစ်ကိုကြီး (တကယ်တမ်း နီးနီးလေး သူ့ ဘာသာဝေးနေတာ) ကိုပြည်သစ်တည် (သူ့ မွေးနေ့ မှာအင်တာနက်မိုဒမ်ကပျက်သွားလို့  ၁၀ ရက်မှ ဘတ်ဒေးဝှစ်လုပ်ရတာ)ရဲ့ သတိပေးမှူနဲ့  ကျွန်တော့်ရဲ့ အစ်ကိုကြီး ကိုဇီးပြားယိုစုံရဲ့  ဥယျာဉ်ကြီး တစ်နှစ်ပြည့်တဲ့နေ့ မှာ အရင်လိုနောက်မကျချင်လို့ သွားပြီး မန့် ရင်းနဲ့  စိတ်ကူးပေါက်လာတာရယ်၊ ဟိုသောက်ဖော်ကြီးက ကြာလာရင်ပျင်းသွားလိမ့်မယ်ဆိုလို့  အစကထဲက စဉ်းစားမိတာရယ် ပေါင်းပြီး အလုပ်နောက်ကျခံကာ ပို့ စ်အသစ်ထပ်တင်ရတာပေါ့။ အငဲ ၉ အယ်ဘမ် နားထောင်ချင်သူတွေအတွက် လင့်ခ်လေး ပေးခဲ့ပါတယ်။ အောက်က လင့်ခ်ကနေ download ဆွဲနိုင်ပါတယ်။ http://www.myanmarsongs.net/album/518 ကနေနားဆင်ကြပါ။ http://www.wisevid.co/view_video.php?viewkey=gvy8jy8lhmmv78928282# ကနေပြီး 9 movie ကိုကြည့်ရှူနိုင်ပါတယ်။ ကိုပြီတီတီရေ အစ်ကိုက ၉ ရက်နေ့ မှာအတူတူမွေးတဲ့ ဖွားဘက်တော်တွေကို ရေးတယ်။ ကျွန်တော်ကတော့ အစ်ကို့ ဘတ်ဒေးကို နောက်ကျမှ ဆုတောင်းပေးရလို့  အစ်ကို့ ရဲ့ ဖွားဘက်တော် အငဲသီချင်းလေးနဲ့ movie လေးကို တင်ပေးရင်း ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

03 September 2009

Brain Drain (လူထုဒေါ်အမာ)

နိုင်ငံခြား တိုင်းပြည်တစ်ခုကို ရောက်နေတဲ့ ကျွန်မ မြေးကလေး နှစ်ဦးဆီက စာများရတယ်။ သူတို့စာတွေထဲမှာ သူတို့ရောက်တဲ့ နိုင်ငံရဲ့ စီးပွားရေး အဆင့်အတန်း၊ လူမှုရေးအဆင့်အတန်းနဲ့ ပညာရေးအဆင့်အတန်းကို သူတို့ အကဲခတ်တတ်သလောက် အကဲခတ်ပြတာလည်း ပါတယ်။ အဲဒီတိုင်းပြည်မှာ ကျွန်မတို့နိုင်ငံလို သယံဇာတ ဘာမှ မကြွယ်ဝဘဲနဲ့ အဲဒီအဆင့်အတန်းမျိုး ရောက်နေကြတယ်ဆိုတဲ့ သူတို့စိတ်ထဲ မချင့်မရဲ ဖြစ်ပုံတွေလည်း ပါတယ်။

မြေးမတစ်ယောက်ဆီက စာမှာတော့ သူတို့ရောက်နေတဲ့ နိုင်ငံမှာ လခလစာ ဘယ်ရွေ့ဘယ်လောက် ရတယ်၊ မြန်မာငွေနဲ့ တွက်ကြည့်ရင် သိန်းချီရနေတဲ့ အဓိပ္ပာယ်ရှိတယ်။ နေရေးထိုင်ရေးလည်း အစစအဆင်ပြေတယ်။ ဒါပေမယ့် သူမပျော်ဘူး၊ အဲဒီနိုင်ငံမှာ အကြာကြီး မနေချင်ဘူးတဲ့။ အခုထိ သူအလုပ်မလုပ်သေးဘူး၊ သူ့ယောက်ျားပဲ အလုပ်လုပ်နေတယ်။ ပုံတော်ရင်တော့ သူအလုပ်ဝင်လုပ်မယ်။ လုပ်ပြီးရင် ငွေစုမယ်။ နှစ်နှစ် သုံးနှစ်ကြာရင်တော့ သူတို့ ပြန်လာမယ်လို့ ပါပါတယ်။

မြေးယောက်ျားလေးရဲ့ စာထဲမှာတော့ သူတို့ရောက်နေတဲ့ နိုင်ငံရဲ့ တိုးတက်ပုံတွေ၊ မြန်မာနိုင်ငံထက် မူလက အောက်ကျတဲ့ နိုင်ငံဟာ နှစ်နည်းနည်းလေး အတွင်းမှာ အင်မတန် တိုးတက်အောင်မြင်နေပုံတွေကို အလွန် ၀မ်းပါးပြီး ရေးထားပါတယ်။

ကျွန်မတို့ နိုင်ငံကနေပြီး ထိုင်းလင်း၊ မလေး၊ စင်္ကာပူ၊ ဂျပန်စတဲ့ နိုင်ငံတွေမှာ ပညာတတ် လူငယ်တွေ အတော်များများ ရောက်ရှိနေကြပါပြီ။ အနောက်နိုင်ငံတွေမှာလည်း ရောက်သင့်သလောက်တော့ ရောက်နေကြတာပဲ။ ဒါမျိုးကို အနောက်နိုင်ငံတွေမှာတော့ ဦးနှောက်ယိုစီးမှု Brain Drain လို့ သုံးနှုန်းပါတယ်။ ကိုယ့်နိုင်ငံထဲက ဦးနှောက်ကောင်းတဲ့ ပညာတတ်တွေ တိုင်းတစ်ပါးရောက်ကုန်တာကို နှမြောတဲ့ သဘောပါပါတယ်။

ဒီလို ပညာတတ်တွေနဲ့ အတူ ကျွန်မတို့ နိုင်ငံ တနင်္သာရီတိုင်းဘက်က၊ ကရင်ပြည်နယ်ဘက်က၊ မြစ်ဝကျွန်းပေါ် ဒေသက အလုပ်သမား၊ လယ်သမား လူတန်းစားတွေလည်း အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်ပြီး အလုပ်လုပ်နေကြတာ တော်တော်များများ ရှိနေပြီလို့ ကြားရပါတယ်။ ဒီလို လယ်သမားတွေ အလုပ်သမားတွေ ထွက်ခွာသွားမှုကိုတော့ လုပ်အားတွေ ဖိတ်စင်ယိုစီးမှုလို့ ခေါ်ရမယ် ထင်ပါတယ်။ ဒီလူတွေဆီကတော့ စာတွေ ဘာတွေ မရနိုင်ပါဘူး။ သူတို့ခမျာမယ် ရရာအလုပ်ကို ပေးသမျှ လခနဲ့ ၀င်လုပ်ပြီး ဖြစ်သလို နေထိုင်ကြရသူများပေကိုး။

သူများနိုင်ငံတွေကို အခုလို ထွက်ပြီး စီးပွားရှာနေကြရပေမယ့် သူတို့အားလုံးဟာ မပျော်ကြဘူး။ အကြာကြီးနေဖို့လည်း စိတ်မကူးကြဘူး။ ငွေရှာလို့ရရင် အမိနိုင်ငံကို ပြန်လာမှာပဲဆိုတာ အားလုံးလောက်နီးပါးရဲ့ စိတ်ထဲမှာ ရှိကြပါတယ်။

ကျွန်မကို အဝေးရောက် ဆွေမျိုးများက တစ်လှည့်တစ်ပတ် သူတို့ဆို လာနေပါလားလို့ ခေါ်သူရှိပါတယ်။ ကျွန်မလည်း တခြားလူတွေလိုပါပဲ၊ နိုင်ငံခြားမှာ ပျော်အောင် မနေတတ်ပါဘူး။ ခဏတဖြုတ် မရောက်ဖူးတဲ့နေရာ၊ မမြင်ဘူးတဲ့ မြင်ကွင်းနဲ့ ရှုခင်းတွေကို ကြည့်ရ၊ မြင်ရပြီးရင် ပြန်ချင်မှာပါ။ ကိုယ့်နိုင်ငံ ကိုယ့်ဒေသလောက် နေပျော်တာ မရှိပါဘူး။ ကိုယ့်လူမျိုးလောက် သဘောကျစရာကောင်းတာလည်း မရှိပါဘူး။ ကိုယ့်လူမျိုး အချင်းချင်းနဲ့ပဲ ပေါင်းသင်း ဆက်ဆံချင်တယ်။

ကျွန်မတို့ဆီမှာ လူမျိုးအလိုက် ရှိနေတဲ့ ဉာဉ်ဆိုးကလေးတွေတော့ ရှိသလောက် ရှိတာပေါ့။ ဥပမာ ပျင်းရိတာ၊ ဇွဲမရှိတာ၊ အနွံအတာ မခံချင်တာ၊ သိပ် အောက်မကျို့ချင်တာ၊ ပျော်ပျော်ပါးပါး ပေါ့ပေါ့တန်တန်နဲ့ အချိန်ကုန်ချင်တာမျိုးကလေးတွေလေ။

ဒီအားနည်းချက် ချို့တဲ့ချက်မျိုးတော့ ကျွန်မတို့ လူမျိုးမှာ ရှိပါတယ်။ နို့ပေမယ့် ဒါက တစ်သက်လုံး ဘယ်လိုမှ ပြင်မရနိုင်တဲ့ လူမျိုးစရိုက်ကြီး ဆိုပြီး ပစ်မထားဘဲနဲ့၊ ယုံကြည်မှု၊ စည်းလုံးမှု၊ တက်ကြွှမှုတွေနဲ့ တိုက်ဖျက်ကြမယ်၊ ရှေ့ဆောင်ရှေ့ရွက်ပြုသူတွေက စနစ်တကျ စည်းရုံးပညာပေးပြီး အားလုံးလက်တွဲ ကြိုးစားကြမယ်ဆိုရင် ပြုပြင်လို့ ရရမှာပေါ့။ ပျော့ညံ့ချက်ဟာ ဘာမို့ ခံနိုင်ရမှာတုန်း။ အရေးကြီးတာက ဒီလိုပြုပြင်မှာက ဘာအတွက်၊ ဘယ်သူ့ဖို့ ပြုပြင်မှာဆိုတဲ့ မှန်ကန်မွန်မြတ်တဲ့ အသိရှိဖို့ပဲ လိုပါတယ်။

ကျွန်မတို့ လူမျိုးဟာ အလွန်အကင်းပါးတဲ့ လူမျိုးပါ။ သင်လိုက်ရင် သိလွယ်မြင်လွယ် တတ်လွယ် သိပ်ရှိပါတယ်။ ဒီအရည်အသွေးဟာ ငွေပေးဝယ်လို့ မရပါဘူး။ ကျွန်မတို့ လူမျိုးနဲ့ တခြားလူမျိုးနဲ့ ယှဉ်ကြည့်စမ်းပါ။ ပညာတတ်ခြင်းဖြစ်ဖြစ်၊ ပညာမဲ့ အလုပ်သမား လယ်သမား လူတန်းစားခြင်း ဖြစ်ဖြစ် လူမျိုးအလိုက် အကင်းပါး ဖျတ်လတ်မှုက အလွန်ကို သဘောကျစရာ ကောင်းပါတယ်။
အဲဒီတော့ ဘာပညာ ဘာအလုပ်မျိုးကိုမဆို ကျွန်မတို့မှာ မသင်ရသေးလို့ မတတ်သေးပေမယ့် သင်ခွင့်ရတဲ့ တစ်ချိန် သူများနည်းတူ ရင်ပေါင်တန်းနိုင်တဲ့ အရည်အသွေး အပြည့်အ၀ ရှိပါတယ်။ လူဟာ နုံပြီဆိုရင် ဆွဲတိုင်း မပါနိုင်ပါဘူး။ တွန်းတိုင်း မရောက်လာဘူး။ ကျွန်မတို့ လူမျိုးတွေက အနုံအဖျင်း မဟုတ်ကြဘူး။ သိပ်ကို အကင်းပါးတဲ့ လူမျိုး။

ပြီးတော့ ကျွန်မတို့ နိုင်ငံလောက် လုပ်စရာကိုင်စရာတွေ ပေါကြွယ်ဝတဲ့ နိုင်ငံမျိုး ဒီကမ္ဘာမှာ အတော်ရှားပါတယ်။ ကျွန်မဟာ အကြောင်းအားလျော်စွာ သူများနိုင်ငံ အတော်များများကို ရောက်ဖူးခဲ့ပါတယ်။

တချို့ စက်မှု အလွန်ထွန်းကားတယ်ဆိုတဲ့ နိုင်ငံကြီးတွေမှာ သူတို့ပိုင် ပြည်တွင်းထွက် ဘာမှ မယ်မယ်ရရ ရှိတာမဟုတ်ဘူး။ စက်မှုအတွက် သုံးစာရာ ရေနံလို ကျောက်မီးသွေးလို ရှိတာမဟုတ်ဘဲ သူများနိုင်ငံက ၀ယ်သုံးပြီး စက်ရုံတွေကို လည်ပတ်နေကြရတာမျိုး။ တချို့က သတ္တုကို သူများနိုင်ငံက မှာရတာမျိုး။ အထူးသဖြင့် ဥရောပနိုင်ငံတွေဟာ စားရေရိက္ခာလည်း ကိုယ့်မှာက မလုံလောက်၊ စက်ရုံအလုပ်ရုံတွေ အတွက် ကုန်ကြမ်းလည်း သူများနှာခေါင်းနဲ့ အသက်ရှုပြီး လုပ်ဆောင်နေကြတာကို တွေ့ရတယ်။

ကျွန်မတို့နိုင်ငံမှာ ကျွန်မတို့လူမျိုးတွေ စားဖို့သောက်ဖို့ဆိုတာ ကျွန်မတို့နိုင်ငံထဲက ထွက်တာဟာ လုံလောက်ရုံမက နိုင်ငံခြားတောင် တင်ပို့ရောင်းချနေရပါသေးတယ်။ ရိက္ခာအတွက် ပူစရာ မရှိပါဘူး။ စိုက်ပျိုးနိုင်တဲ့ နေရာမှန်သမျှမှာသာ စိုက်ပျိုး၊ ငတ်မှာ မပူရပါဘူး။ ရိက္ခာတွင်လား၊ လူမှာ စားဝတ်နေရေးလို့ အရေးသုံးပါး ရှိတယ်။ ၀တ်ဖို့အရေးကောလို့ မေးလာရင် ၀ါဂွမ်းစိုက်လို့ မြန်မာနိုင်ငံအလယ်ပိုင်းက ကောင်းကောင်းရပါတယ်။ စိုက်လည်း စိုက်နေပါတယ်။ ကျွန်ဘ၀တုန်းက စတီးဘရားသားတို့လို အရင်းရှင် လက်ဝါးကြီးအုပ်တွေက မြန်မာ ၀ါတောင်သူတွေဆီက ၀ါဝယ်ပြီး နိုင်ငံခြား တင်ပို့လာခဲ့ကြတာပါ။ ကျွန်မတို့ ဥတုရာသီနဲ့ တကယ်လိုက်ဖက်တဲ့ ချည်ထည် ရက်လုပ်ဝတ်ဆင်ဖို့ ကိုယ့်နိုင်ငံထဲကချည်း ပြည့်စုံနိုင်ပါတယ်။

နေရေးအတွက်ကော သူများနိုင်ငံတွေမှာ မရှိတဲ့ သစ်တောကြီးတွေ ကျွန်မတို့မှာ ရှိတယ်။ ဒီသစ်တောကြီးက ထွက်တဲ့ သစ်နဲ့ အိမ်ဆောက်နေနိုင်တယ်။ နိုင်ငံခြားကို သစ်ရောင်းပြီး တလျှောက်လုံး နိုင်ငံခြားငွေရအောင် မြန်မာသစ်နဲ့ ငွေရှာလာခဲ့တဲ့ နိုင်ငံပါ။

စားစရာ၊ ၀တ်စရာ၊ နေစရာတွင်လားဆိုတော့ ဟုတ်ပါရိုးလား၊ ရေနံတို့၊ ကျောက်မီးသွေးတို့ကလည်း ထွက်နေသေးရဲ့၊ ရွှေငွေကျောက်သံ ပတ္တမြားတွေကလည်း နေရာပေါင်းများစွာက ထွက်နေသေးတယ်။ ရှိမှန်းမသိလို့ မတူးဖော် မရှာဖွေရသေးတာကလည်း ဘယ်လောက်များဦးမယ် မသိဘူး။ တောက်တီးတောက်တဲ့ မမှတ်ပါနဲ့။ တကယ်ချမ်းသာတဲ့ နိုင်ငံပါ။

ဒါကြောင့် ရိုးရိုးကုတ်ကုတ် လုပ်စားနေတယ်ဆိုဦးတော့ လူဦးရေ ထိန်းချုပ်စရာတောင် မလိုသေးဘဲ ဒူးနန့်ပြီး လုပ်ကိုင်စားနေနိုင်တဲ့ နိုင်ငံပါ။

အမိနိုင်ငံဟာ ဒီလိုပေါကြွယ်ဝတာနဲ့ အတူ အမိနိုင်ငံမှာရှိတဲ့ ဘာသာတရားကလည်း သူတစ်ပါးကို မေတ္တာထားနိုင်တယ်။ ကိုယ့်ထက်ဆင်းရဲ့ ဒုက္ခရောက်သူကို သနားကရုဏာသက်နိုင်တယ်။ ကိုယ်နဲ့အတူရှိသူ၊ ကိုယ့်ထက်သာသူကို ၀မ်းသာအယ်လဲ သာဓုခေါ်နိုင်တယ်။ မရှိရင် ဝေစားမယ်လို့ ပေးနိုင်ကျွေးနိုင်တယ်။ သူတစ်ပါးရဲ့ ကျုးကျော်စော်ကားမှုကို သည်းခံခွင့်လွှတ် ချေဖျောက်နိုင်တဲ့ ဘာသာတရားမျိုးကိုလည်း လက်ကိုင်ထားကြသေးတယ်။ တင်းတိမ် ရောင့်ရဲမှုကိုလည်း ကျင့်သုံးလိုက်ကြသေးတယ်။

ကဲ၊ ဘယ်လောက် နေချင်စဖွယ်ကောင်းတဲ့ နိုင်ငံပါလဲ။

ဒါနဲ့များ လူတွေ ဘာလို့များ သူများနိုင်ငံတွေထွက်ပြီး ရှာဖွေနေကြရသလဲလို့ မေးလာရင်တော့ ဒါဟာ အခိုက်အတန့်ကိစ္စ၊ အစာဝတော့ ဌာန ပြန်မည့်သူချည်း။ ကျွန်မတို့နိုင်ငံမှာ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း စည်းစည်းလုံးလုံးနဲ့ ညီညီညွတ်ညွတ် အချင်းချင်း လက်တွဲ လုပ်ဆောင်နိုင်ကြရင် ဘာမှမကြာတဲ့ ကာလမှာ လုပ်စရာအလုပ်တွေ တောင်ပုံရာပုံ ရှိလာမှာ၊ အဲဒီတော့ အဝေးရောက် သားသမီးတွေလည်း အားလုံး ပြန်လာကြမှာ၊ သူများနိုင်ငံတွေလို ခုမချမ်းသာသေးသကောလို့ စိတ်ဓာတ်မကျပါဘူး။ ကျွန်မတို့ဟာ မြန်မာ့ရေမြေပေါ်က မြန်မာတွေပါ။

10 August 2009

အမှတ်တရ ည

မနေ့ က သူငယ်ချင်းတစ်ယောက်နဲ့  IC show သွားကြည့်ဖြစ်ခဲ့တယ်..။ အဲဒီအရင်ရက်ကလည်း east coast မှာဘော်ဒါတွေနဲ့ သွားကဲထားတဲ့ အရှိန်ကလည်းမကုန်သေးတော့ ရှိုးပွဲမရောက်သေးဘူး လူက လမ်းမှာတင်မူးချင်ချင်ဖြစ်နေပြီ။ဒါပေမယ့်အထဲရောက်တော့အဲတာတွေ
ပျောက်သွားတယ်သီချင်းကိုလိုက်ဆိုရင်းကြုံးအော်တာ လူက ချွေးဆို အင်္ကျီချွတ်ပြီးညှစ်ရင် ရေပြန်သောက်လို့ ရမယ်.။ အသံပါဝင်နေတယ် ဒီနေ့ ။ မနက်ကလည်း အမှတ်တရ ပို့ စ်လေးတင်ပါမယ်ဆိုမှ စက်ကဖောက်တယ်.။ အင်္ဂလိပ်ဖောင့်ပြန်ချိန်းလို့ မရဘူးဖြစ်နေတယ်။ နည်းလမ်းတော်တော်စုံနေပြီ.။ မရဘူး ဒါနဲ့ နီးရာလူ Gtalk တက်နေတဲ့ မလေးရောက် အစ်ကိုဆိုလည်းဟုတ် သောက်ဖော်သောက်ဖက် (အဲတာ သူပြောတာနော်) ဆိုလည်းဟုတ်တဲ့ အစ်ကို ကိုပြည်သစ် (Designer's World) ကိုသွားမေးလိုက်တယ်။ သူပြောလို့ ပို့ စ်ပြန်တင်ရတာ.. ရှဲရှဲ သာကော ဟီး..။
အမှတ်တရ ပိုဖြစ်တာကတော့ Pennisular Plaza ကိုဟိုဘက် ဒီဘက်ဖြတ်လျှောက်နေတာဘဲ..။ ခြေထောက်ညောင်း ဖိနပ်ပါ ပါးသွားတယ်.။ ဘာမှမဟုတ်ဘဲနဲ့ လျှောက်သွားကြတာ..။ နောက်တစ်ခုက City Hall MRT ထဲ သွားအိပ်တာ.။ အကုန်လုံး တော်တော်ပြိုင်းနေအောင် ဆော့နေပြီး ပြန်မယ်လုပ်တော့ MRT က ဖွင့်တောင်မဖွင့်သေးဘူး.။ မီးတွေမှောင်လိုအဲတာနဲ့အဲဒီနားလမ်းသလားနေတာ။ ခဏနေတော့ မီးတွေဖွင့်လာ
တယ်။ နာရီကြည့်တော့ မနက်၅ နာရီ ၄၅ မိနစ်..။ တော်တော်များများ မြန်မာတွေ ရှိနေသေးတယ်.။ သူတို့ လည်း ရှိုးပွဲပြန်လာတာထင်တယ်..။ ထိုင်ပြီးလေပန်းနေတာ တွေ့ တယ်..။ အဲတာနဲ့ အောက်လည်းဆင်းရော Station တံခါးက ဖွင့်သေးဘူး။ အထဲမှာလည်း မလေးကောင်လေး တော်တော်များများ သွားလမ်းမှာ နံရံကျောမှီပြီး ဂစ်တာတီးနေကြတယ်.။ ဒါနဲ့ စိတ်လေသွားတယ်..။ အရမ်းလည်း ညောင်းနေပြီလေ.။ ညောင်းမှာပေါ့ သွားတာက
ပလာဇာကို ကိုယ့်ကောင်မလေးအိမ်ကျနေတာဘဲ ဟိုဘက်ကဖြတ်လျှောက် ဒီဘက်က ဖြတ်လျှောက်နဲ့ လေ ။ရှေ့ မှာ လမ်းသလားတာ..။ အစောင့်ဦးလေးကြီးတောင် မအိပ်ရဘူး..။ သူ့ ခမျာ ခြေသံကြားတိုင်းမျက်လုံးဖွင့်ဖွင့်ကြည့်
နေရတာ..။ အဲတာသူ့ အားနာတာနဲ့ ဟိုဘက်က တံတားပေါ်သွားထိုင်နေကြတာ..။
ပြီးမှ MRT ထဲပြန်ဝင်လာတာ..။ တံခါးက တုတ်တုတ်တောင်မလှုပ်ဘူး အထဲက အစောင့်လည်း အရိပ်တောင် မမြင်ရဘူး..။ လမ်းလည်းလျှောက်ရလွန်းလို့ လူကလည်း လှုပ်တောင်မလှုပ်ချင်တော့ဘူး..။
မြန်မာပြည်မှာနေရင် တောင် အဲဒီလောက် ကမြင်းမိမယ်မထင်ဘူး။ နောက်ဆုံး မျက်လုံးကဖွင့်ကိုမဖွင့်ချင်ဘူး..။
အိပ်တာက Mcdonal's မှာ Breakfast စားကထဲက။ သူများတွေ စားသောက်နေတာ ကိုယ်က ဘေးမှာ တခေါခေါနဲ့ .. ဘာပြောကောင်းမလဲ အမုန်းကို အိပ်တာတဲ့ ။ ပြန်ပြောပြတော့ ရှက်လိုက်တာဗျာ။ ဒါနဲ့ ရထားဘူ
တာကလည်းမဖွင့် ပြန်လည်းမတက်ချင်တာနဲ့ အိပ်လက်စ အဲဒီက ကြမ်းပြင်မှာ ခြေပစ်လက်ပစ်ထိုင်ပြီး နံရံမှီပြီး
ဆက်အိပ်တာပေါ့..။ MRT က တင်ထားတဲ့စာကို မှတ်မှတ်ရရ ဖတ်ခဲ့သေးတယ်..။ ရထား လာရန် 3.5 minutes
စောင့်ပါတဲ့..။ အဲတာနဲ့ နည်းနည်းအားတက် သွားတာပေါ့..။ အိပ်တာက မီးအရမ်းလင်းတော့ မအိပ်နိုင်ဘူး..။
ကြောင်နေပြီလေ မျက်လုံးက..။ မျက်စိမှိတ်လိုက် ပြန်ဖွင့်လိုက် ဟိုကြည့်ဒီကြည့်လုပ်လိုက် ပြန်အိပ်လိုက်ပေါ့
ပြောတဲ့ 3.5 minutes က သူငယ်ချင်းဂျီတော့တင်တဲ့စာလိုဘဲ..။ ( ၅မိနစ်အတွင်းပြန်လာမယ်..။ မလာရင် ဒီစာကို
နောက်ထပ်တစ်ခေါက်ပြန်ဖတ်ပါတဲ့ ) အဲလိုဖြစ်နေတယ်..။ နာရီကြည့်တော့ ၆ နာရီတောင် တော်တော်လေး ကျော်နေပြီ.။ အိပ်ချင်မူးတူးနဲ့ ကြည့်တာ ရှေ့ ဂဏန်းဘဲ မြင်တော့တယ်.။ တော်တော်ကြာအောင် အိပ်ရတယ်ဗျာ.။
အင်းပေါ့လေ သူတို့ နိုင်ငံရဲ့  National Day ဆိုတော့ အကုန်ကဲမှာပေါ့.။ ကိုယ်တောင် ကဲလို့ ဒီလိုဖြစ်နေတာ..။
ကိုယ်ချင်းစာပါတယ်.။ စောင့်လက်စ ဆက်အိပ်ပြီးစောင့်ရတာဘဲ.။ ဘာပင်ပန်းလဲဆိုပြီး ဆက်အိပ်တာပေါ့.။ ဘာရ
မလဲ။ ခဏနေတော့ မီးတွေ ပိုလင်းလာတယ်.။ ဖွင့်ပြီးလားကြည့်တော့ တံခါးက လူကို လှောင်ပြုံးပြုံးနေတယ်တောင်ထင်ရတယ်..။ မင်းဘာသာဆက်အိပ်စမ်းပါ ပြောနေသလိုလို..။ အကုန်လုံးကြည့်
လိုက်တော့လည်း မျက်လုံးလေးတွေက ဖွင့်တာတောင် မှေးနေတုန်း..။ နည်းနည်းတင်းလာတယ် စိတ်က..။
၅ နာရီ ၄၅ ထဲက စောင့်ရတာ အခု ၆ နာရီခွဲခါနီးပြီး ဒီအတိုင်း ၁ နာရီလောက် အိပ်နေရတာ..။ အေးကအေးနဲ့ မှီထားတဲ့နံရံက ကြွေပြားဆိုတော့ ဘာပြောကောင်းမလဲ..။ တွန့် ခနဲ တွန့် ခနဲနေတာ မှီရမှာတောင် လန့် နေတာ..။ မမှီရင်လည်း အိပ်လို့ မရ..။ အော် အဲတာဘဲနော် ဒီလာ ဒုက္ခခံတာဆိုတာ.။ အကုန်
ပြောနေတဲ့စကားလေးပြန်သတိရသွားတယ်.။ တောင်စဉ်ရေမရ လျှောက်တွေးတုန်း အကုန်ထအော်တယ်..။
ဟ ဘာလဲဟဆိုပြီး လန့် သွားတယ်။ ပြီးမှ အော် တံခါးလာဖွင့်တဲ့သူ ရောက်နေပြီပေါ့..။ အကုန်လုံး ပြေးဝင်တာ
လာဖွင့်တဲ့သူတောင် လန့် သွားတယ်..။ သူ့ များ ဘာလုပ်ကြမှာဘာလိမ့် များ တွေးမိမလားဘဲ.။ အကုန်လုံး စုဝင်
တာနဲ့ တံခါးတောင် ပြန်ပိတ်ချင်စိတ်ပေါက်သွားလားမသိဘူး တံခါးကြီးကို ပြန်တွန်းတယ်..။ နောက်မှ ဖွင့်ပေးတာ။ ဒါနဲ့ အိမ်ပြန်ဖို့ အောက်ဆင်းလာတော့ ရထားက တီဗွီလှမ်းကြည့်မိတယ်.။ အားပါးပါး ၇ နာရီထိုးခါနီး
ပြီ..။ မနေ့ ညနေ ၄ နာရီထဲက အိမ်ကထွက်တာ အခု မနက် ၇ နာရီထိုးတော့မယ်..။ ကိုယ့်ကိုကိုယ်တောင် ဖြုံ
သွားတယ်..။ လည်ချက်ကတော့ ဟီး။ ရထားလာတော့ ခုံပေါ်မှာ ဆက်အိပ်တယ်.။ အပြင်မှာမိုးတွေ ရွာနေပြီ.။
အထဲက ကျွန်တော်ကလည်း ကွေးနေပြီ.။ ဘူတာမှာဆင်းတော့ မျက်လုံးကဖွင့်ချင်စိတ်ကိုမရှိတော့တာ..။
ကိုယ်ဖြစ်ကိုယ်ခံဆိုတော့လည်း မနည်းမျက်လုံးဖွင့်ပြီး ကားဂိတ်ဆက်လျှောက်လာရတယ်..။ ကားကလည်း
တော်တော်နဲ့ မလာဘူး..။ ဘက်စ်ကားဂိတ်မှာတင် ခုံပေါ်မှာ ငိုက်နေတယ်..။ မိုးကလည်း အရမ်းသည်းနေပြီ..။
သီချင်းလေးတောင် သတိရသွားတယ်..။ ၀ိုင်ဝိုင်းသီချင်းလေ (မိုးဖွဲများစွာ ငါရဲ့ ရှေ့ က ဘက်စ်ကားဂိတ်မှာ ငိုက်
စောင့်ခဲ့ရ ဆိုလား)။ အိမ်ပြန်ရောက်တာ ဘယ်သူ့ မှဘာမှမပြောနိုင်ဘူး..။ အ၀တ်လည်းပြီး ထိုးအိပ်တာဘဲ..။
ဒီမနက်ကျတော့ အသံပါဝင်နေတယ်.။ ဘာဘဲပြောပြော ပိတ်ရက်လည်းဖြစ် အသားကုန်ဆော့မယ်ဆိုတဲ့ စိတ်
နဲ့ ထွက်လာတဲ့ မနေ့ ကညလေးကတော့ ညောင်းလည်းညောင်း အသံလည်းနာ နောက်ဆုံး မျက်လုံးပါ စပ်တဲ့
အရသာ ပြည့်ပြည့်၀၀နဲ့ ကုန်ဆုံးခဲ့ပါတော့တယ်..။ :P

06 August 2009

အမြဲကြည့်ဖြစ်တဲ့ ဆိုက်လေးတစ်ခု

ဒီရက်ပိုင်းအားလပ်ရက်တွေများတယ်.အလုပ်ကလည်း ၅ ရက်ပိတ်အုံးမယ်..Singapore National Day နဲ့ ပေါင်းပြီးပိတ်မှာဆိုတော့ အိမ်မှာ ပျင်းပျင်းရှိရင် ဇာတ်ကားဘဲ တစ်နေကုန်ထိုင်ကြည့်တဲ့ ကျွန်တော့်အတွက် ဒီဆိုက်လေးက ကူညီ
ပေးတယ်ဗျ။ အပြင်ထွက်ရင် ဖိနပ်ပါး ခလုတ်တိုက် အညောင်းမိမယ့် အတူတူ အိမ်မှာဘဲ အေးအေးနေပြိး တနေကုန် ဇာတ်ကား
ထိုင်ကြည့်နေတာ ပိုသင့်တော်တယ်လေ။ ဇာတ်လမ်းပေါင်း မြောက်များစွာကို လင့်ခ်တွေအများကြီးနဲ့ ချိတ်ဆက်ပေးထားတဲ့ဒီဆိုက်
လေးကတော့ ဇာတ်ကားကောင်းကြိုက်သူတွေအတွက် ရှာဖွေရလွယ်ကူပြီး Buffering သိပ်မကြာဘဲနဲ့ တခါတည်းဆက်တိုက်
ကြည့်လို့ ရနိုင်အောင် စီစဉ်ပေးထားပါတယ်။ လင့်ခ်တွေများတော့ ဘယ်လင့်ခ်က ဘယ်လိုကောင်းတယ်ဆိုတာပါ comment% ကြည့်
ပြီး ရွေးချယ်နိုင်သလို မိမိကြည့်လိုတဲ့ ဇာတ်ကားအမည်နဲ့ ပါ ရှာဖွေပေးနိုင်ပြီး ဇာတ်လမ်းမသိဘဲ Action,Drama,Wars,စသဖြင့်
ရွေးချယ်ကြည့်နိုင်တာကလည်း ဒီဆိုက်လေးရဲ့ ကောင်းကွက်တစ်ခုလို့ ဆိုနိုင်လောက်ပါတယ်။ ဟိုးရှေးကထွက်ခဲ့တဲ့ ဇာတ်ကားတွေပါမကျန်
အကုန်တင်ပေးထားတော့ ရှေးက ဇာတ်ကားတွေလည်း ကြည့်ရှုနိုင်တာပေါ့ဗျာ။ လင့်ခ်တွေကို ရွေးချယ်ရာမှာ Zshare, Tudou,လင့်ခ်
တွေကို ပိုပြီးရွေးချယ်ကြည့်ရင် ကြာကြာမစောင့်ရဘဲ တစ်ခါတည်း ကြည့်နိုင်ပါတယ်။ အားလပ်ရက်တွေမှာ ဇာတ်လမ်းလေးတွေနဲ့ အပန်းဖြေကြရအောင် အပေါ်ကခေါင်းစဉ်ကို click လိုက်ပါ.။

Search Engine

လာပါပြီခင်ဗျ.. ရှေးမြန်မာဘုရင်များ သုံးစွဲတော်မူသော နန်းတွင်းတိုင်းရင်းဆေးတဲ့ အဲဟုတ်ပေါင် အိုဗာဖြစ်သွားပြီ.ကြော်ငြာဝင်တာ ကြော်ငြာဝင်တာ..အင်္ဂလိပ် မြန်မာ နှစ်ဘာသာ ကြိုက်ရာအသုံးပြု ရှာဖွေနိုင်မယ့် search engine ပါ.နည်းနည်းစမ်းသုံးကြည့်တာ
မဆိုးဘူးခင်ဗျ..တော်တော်လေးများစားလိုက်ရင် မော်တော်လေးများမောင်းသလို ဘုတ်လိုက်ဘုတ်လိုက်နဲ့ အဲ ယောင်ပြန်ပြီ..
ကွန်ပြူတာဘဲကြောင်နေတာလား တင်ထားတဲ့သူတွေကဘဲ code များမှားသလားတော့ မသိဘူး ဖတ်ရတာ ဒီ စကာင်္ပူရောက်ခါစ
MOM ကလက်ကမ်းကြော်ငြာလိုဘဲ..တစ်လုံးချင်းခွဲရိုက်ထားတာတွေ့ နေရတယ် မြန်မာဖောင့်ကို..ဒါပေမယ့် ဘယ်စမ်းစမ်း ညာစမ်းစမ်း
အရိုးချည်းဆိုသလို အာ ဘယ်ရောက်သွားပါလိမ့်.. ပြောချင်တာက အလွယ်တကူ ရှာဖွေနိုင်တယ်..ကျွန်တော့်လို vocabulary မကြွယ်
ဝသူအတွက်တော့ အံကိုက်ဘဲ..မြန်မာလိုရိုက်ပြီး ရှာဖွေနိုင်တော့ လွယ်သွားတယ်..(အင်းအင်း မောင်ဆက် မင်းတော့ တတ်အုံးမယ်)
စမ်းကြည့်ကြပေါ့နော် ခေါင်းစဉ်ကို click လိုက်ပါ..

05 June 2009

မေတ္တာတော်ဘွဲ့ 

လက်ဖ၀ါးလက်နှစ်လုံး
ပခုံးလက်နှစ်သစ်
လူဖြစ်အောင်မွေး
ကျွေးမွေးပြုစု
ယုယပိုက်ထွေး
ငါရင်သွေးလို့ 
အမြဲမပြတ်
မေတ္တာဓာတ်နဲ့ 
အပျံသင်စ
ှုငှက်ကလေးများကို
ဦးအောင်လမ်းပြ
ဆိုဆုံးမနဲ့ 
ငယ်စဉ်တောင်ကျေး
ကလေးဘ၀မှ
ကြီးမှသည့်တိုင်
အိုသည့်တိုင်အောင်
အမြဲရှေးရှူ
မေတ္တာမှုကို
သိမှုတတ်စေ
ယူတတ်စေရာ
ကျေးဇူးကြီးလှ
မိ နဲ့  ဖ....။

24 May 2009

ကြွေလွင့်ချိန်

တစ်ဆောင်းကုန်လို့ 
တစ်မိုးရောက်
တစ်မိုးပြောင်းလို့ 
တစ်နွေပျိုးတဲ့အခါ
ရော်ရွက်ဝါတွေ
တဖြုတ်ဖြုတ်ကြွေကျ
အသစ်တဖန်
ဘ၀လှိုင်းဒဏ်ကို
ကြံ့ကြံ့ခံနိုင်ဖို့ 
ပြင်ဆင်ကြတဲ့ အချိန်မှာ
ငါ့ဘ၀ဟာ
သစ်ပင်အိုတွေလို
တစ်ခါပြန်စိမ်းလန်းနိုင်ဖို့ အတွက်
ဇီဝမြေသြတွေကို စုပ်ယူနိုင်ဖို့ 
ခွန်အားတွေကို
ငါ့ခွန်အား ရေသောက်မြစ်တွေက
မစုပ်ယူနိုင်မှတော့
ငါဟာ ရော်ရွက်ဝါတွေလို
တစ်ရာသီပြောင်းလို့ တစ်မိုးသောက်တောင်
ပြန်လည်စိမ်းလန်းနိုင်ဖို့ ရှင်သန်စရာ
ကင်းမဲ့ သွားတော့မှာလား...

06 May 2009

ချစ်သူ

တံစက်မြိတ်ကြားက
တစက်စက် ကျဆင်းနေတဲ့ 
မိုးရေတွေကလည်း
ငါ့ရင်ကို မအေးမြစေပါဘူး
သာယာနာပျော်ဖွယ်
တေးသွားလေးနဲ့ 
လိုက်လျောညီထွေ သီဆိုနေတဲ့ 
သံစဉ်လေးတွေကလည်း
ငါ့နှလုံးသားကို မနိုးကြားစေပါဘူး
နူးညံ့လှတဲ့ ကြင်နာမှုအပြုံးနဲ့ 
နွေးထွေးတဲ့ မင်းလက်တစ်စုံသာ
ငါ့ရဲ့ ခွန်အားတိုးပွားစေမဲ့ အားအင်တစ်ခုပါ
ခိုင်မြဲလှတဲ့ အကြင်နာနှောင်ကြိုးနဲ့ 
စူးရှတောက်ပတဲ့ ဒီမျက်ဝန်းတွေကြားမှာ
ငါကျဆုံးပါရစေလား
သွန်လိုသွန် မှောက်လိုမှောက်
မင်းရဲ့ လက်ခုပ်ထဲက ရေအဖြစ်နဲ့ 
မင်းစေစားရာမှာ ကျရာတာဝန်ထမ်းဆောင်ရင်း
ချစ်သူဘုရင်မအတွက် စွန့် လွှတ်အနစ်နာခံမယ့်
နယ်ရုပ်လေးတစ်ရုပ်အဖြစ်
ငါအသက်ရှင်ရလည်း ကျေနပ်ပါတယ် ချစ်သူရယ်...

29 April 2009

အထီးကျန်ည

မိုးစက်တွေကြားက
အိမ်အိုပြတင်းပေါက်ကိုမှီရင်း
မိုးလင်းဖို့် စောင့်ရတာကို
ငါမုန်းတယ်
အဝေးကဆွဲဆွဲငင်ငင်
အူနေတဲ့ ခွေးတစ်ကောင်ရဲ့ 
ခြောက်ကပ်ကပ်ရယ်သံကို
ငါမုန်းတယ်
မင်းမရှိတော့တဲ့
ဒီအခန်းကျဉ်းငယ်လေးထဲမှာ
ရင်ခွင်ဗလာကိုချခင်းပြီး
တချက်ချက်မြည်နေတဲ့ 
ဘ၀ရဲ့ ခရီးကြမ်းကို
ညငှက်တွေလိုဘဲ
အိပ်တန်းဝင်ချင်တော့တယ်..